Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ

ဩဂုတ် ၁၅ရက် နံနက်ပိုင်းတွင် ကော့ကရိတ်ရဲစခန်းအပါအဝင် နေရာအများအပြားကို ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ
ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ

▪️မောင်းမရွာသစ်အနီးတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊လက်နက်ခဲယမ်းများရဟု ဒေသခံပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ကရင်အမျိုးသားအစည်းအရုံး (KNU)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းနေ့ညပိုင်းကစ၍ တိုက် ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု ဒေသခံက ပြော သည်။

ဩဂုတ် ၁၅ရက် နံနက်ပိုင်းတွင် ကော့ကရိတ်ရဲစခန်းအပါအဝင် နေရာအများအပြားကို ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

“၁၅ရက်နေ့ ညအချိန်မှာ မောင်းမရွာသစ်ကနေ အရင်တုန်းက ကိုဗစ်ဂိတ်ထောင်ထားတဲ့နေရာကို စစ်တပ်ကရွာသစ်ကို နေရာယူဖို့ တိုးလာတယ်။ အဲဒီညတုန်းက ၁၂နာရီအထိဖြစ်တယ်။ အဲဒီအချိန်မှာ သူတို့လည်းတော်တော်လေး ထိခိုက်နစ်နာမှုတွေရှိတယ်။ ဆုံးရှုံးမှုတွေများတယ်။ သိရသလောက် ဒီဘက် က တပ်ပေါင်းစုတွေက လက်နက်ခဲယမ်းမီးကျောက်တွေ အများအပြား သိမ်းမိတယ်”ဟု ကော့ကရိတ် ဒေသခံက ပြောသည်။

ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ
ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ

နောက်ရက်များ၌လည်း သာယာကုန်း၊ တမိုင်ကုန်း၊ ရွာသစ်ကုန်း ဒေသများ၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

“လူတွေ(ဒေသခံ)တော့ သေကြေမှု ထိခိုက်မှုတော့ ထပ်မရှိသေးဘူး။ လူတွေက ကျင်းပုန်း (ဗုံးခိုကျင်း) ထဲကိုဝင်။ တချို့က ကျင်းပုန်းက ရေဝပ်နေတော့ ရေထဲမှာနေရတာမျိုးလည်းရှိတယ် အသံထွက်ပြီဆို သူတို့ ပြေးဝင်ပြီပေါ့ အဲဒီလို ပုံစံတော့ရှိတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မြို့လုံခြုံရေးကိုပိုမိုတင်းကြပ်စွာလုပ်ဆောင်လာ၍ ဒေသခံများသွားလာရေး အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

” မြို့ထဲဝင်ဖို့ အကြပ်အတည်းတော်တော်ဖြစ်တယ်။ အခုအချိန်ထိမြို့ထဲကို စျေးကြို၊ စျေးဝယ် မသွားရဲတဲ့ ပုံစံဖြစ်တယ်။မြို့ထဲမှာ သူတို့က တင်းကြပ်မှုတွေ တအားလုပ်နေတော့စစ်ဆေး မေးမြန်းမှုတွေလုပ်နေတော့ ဒေသခံ လူထုတွေက ဘယ်သူမှသွားလာမှုတွေ သွားလို့မရဲကြ တော့ဘူး”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

သတင်း

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။