Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို ငတရော်ရွာအား စစ်ကောင်စီတပ် နှစ်ရက် ဆက်မီးရှို့မှုကြောင့် နေအိမ် ၅၀၀ခန့် မီးလောင် ပျက်စီး

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တရော် (ငတမျှော်) ကျေးရွာအတွင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Yaylalkyunnews
ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် တရော် (ငတမျှော်) ကျေးရွာအတွင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Yaylalkyunnews

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်(ငတမျှော်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အိမ်ခြေ ၅၀၀ခန့် မီးလောင်ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် သြဂုတ် ၁၇ရက် နံနက် ၁၀ နာရီခန့်မှစတင်ကာ အိမ်ခြေ ၆၀၀ ခန့်ရှိသော ငတရော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

သြဂုတ် ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်က ငတရော်ရွာကို ထပ်မံဝင်ရောက်ကာမီးရှို့သွားခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“အိမ်သာနဲ့ ရေအိုးစင်ပဲကျန်တယ်။ ဒီအိမ်လေးဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားရတာပါ။ ရှစ်လပဲ နေခွင့်ရလိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေစကြိုမြို့နယ်၊ လှေခုတ်ကျေးရွာနှင့် ငတ မျှော်ကျေးရွာတို့မှာ စစ်အုပ်စု​၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးဘေးသင့်ပြည်သူထောင်နှင့်ချီ၍ရှိပြီဖြစ်ကာ အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၇ ရက် နံနက် ၉နာရီဝန်းကျင်က ရေယှားကျေးရွာမှ ငတရော်ကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲတက်လာသော အင်အား ၆၀ ကျော်ပါ အကြမ်းဖက်စစ်အုပ်စုအား ဒေသတွင်း ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ငတရော်ရွာခြေအရောက်တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုဘက်က ရှစ်ဦးခန့်သေဆုံးနိုင်ပြီး ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သတင်း

တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသော ရဲတပ်သားတစ်ဦးကို မဟာမိတ်ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဩဂုတ် ၁၅ရက် နံနက်ပိုင်းတွင် ကော့ကရိတ်ရဲစခန်းအပါအဝင် နေရာအများအပြားကို ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။