Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတစ်ဝိုက်စစ်​တပ်ထောင်ထားသော နင်းမိုင်း ၈၀ ခန့်​​ကိုရှင်းလင်းသိမ်းဆည်း

သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ ထောင်ထားသော နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

●သိမ်းဆည်းရရှိ​​သောမိုင်းများဖြင့် စစ်​ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်မည်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတစ်ဝိုက်တွင် အကြမ်းဖက်စစ်တပ်ထောင်ထားသော နင်းမိုင်းအလုံးရေ ၈၀ နီးပါး တွေ့ရှိခဲ့ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးနားတစ်ဝိုက်တွင် ရန်သူစစ်ကောင်စီထောင်ထားသော နင်းမိုင်းအလုံးရေ ၇၈ လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့သြဂုတ်လ၁၉ ရက်နေ့တွင် အဆိုပါအဖွဲ့က အသိပေးသည်။

သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ ထောင်ထားသော နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(သိမ်းဆည်းရမိသောနင်းမိုင်းများနှင့် အဆိုပါ နင်းမိုင်းများကိုဖယ်ရှား​နေစဥ်။ ။ ဓါတ်ပုံ- မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

“မိုင်းရဲ့ အဓိက ပေါက်ကွဲစေတဲ့နေရာအကို အတိအကျ ဖြတ်တောက်ပြီး သိမ်းဆည်းခဲ့တာ။ အန္တရာယ်ကြားထဲကနေ လုပ်ခဲ့ကြတာ။ ဒီမိုင်းတွေနဲ့ စစ်ကောင်စီကို ပြန်တိုက်မယ်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က Peoples Spring သို့ပြောသည်။

လက်ပန်းတောင်းတောင်ကြေးနီးစီမံကိန်းတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲထားပြီး အနီးနားဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးခြင်း၊ ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ ၎င်းအကြမ်းဖက်စစ်တပ်အား ဒေသတွင်းအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

သတင်း

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မုံရွာမြို့တွင်း နေရာအနှံ့အပြားတွင် ပိုက်စိပ်တိုက်စစ်ဆေးအကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

သတင်း

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။