Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပေါ် မိုင်းရှင်းလင်းရေးအဖွဲ့ ထပ်မံတိုက်ခိုက်ခံရ

ပဒေသာမိုင်း သုံးလုံး ကားပေါ်အရောက် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ကားပေါ်နှင့်ကားဘေးရှိ စစ်ကောင်စီတပ်သား ၁၂ဦးခန့် နေရာတွင်ပင် လဲကျသွားကြောင်း PDF South Monywaက ပြောသည်။

(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ် ယာဥ်တစ်စီးအား တွေ့ရစဉ်)
(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ် ယာဥ်တစ်စီးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ် မိုင်းရှင်းလင်းရေး စစ်အုပ်စုအား ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force South Monywaက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၈ရက် နံနက် ၇နာရီ ၄၅မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း သုံးလုံးအား ထပ်မံတွေ့ရှိ၍ တူးဖော်ကာ ဂျန်ပါကားပေါ်သို့ တင်ဆောင်ခဲ့သည်။

ပဒေသာမိုင်း သုံးလုံး ကားပေါ်အရောက် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ကားပေါ်နှင့်ကားဘေးရှိ စစ်ကောင်စီတပ်သား ၁၂ဦးခန့် နေရာတွင်ပင် လဲကျသွားကြောင်း PDF South Monywaက ပြောသည်။

ထိခိုက်သွားသော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ဖြင့် တင်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF South Monywaက ပြောသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ PDF South Monywa အဖွဲ့ တာဝန်ရှိသူ Daung Karyanက

“ဒုတိယတစ်ခါက နောက်တစ်​နေရာကနေ ဒီကောင်တွေ မိုင်းတွေထပ်တွေ့ပြီး ထပ်ဖော်တာ ကြိုးတန်းလန်းနဲ့ ဂျန်ပါ ကားပေါ်တင်တာ ကားပေါ်ရောက်မှထခွဲလိုက်တာ။ ကားပေါ်ပါ စခများအပါအဝင် ကားဘေးပတ်လည်စခ စုစုပေါင်း၁၂ကောင်သေတယ်။ အများအပြားဒဏ်ရာရတယ်။ မျက်မြင်တွေ့ရှိချက်တွေရော အတွင်းသတင်းအရရောပါခင်ဗျာအဲ့နားမှာတွေမှာ သွေးတွေအိုင်ပေါက်သွားတယ်။”ဟု ပြောကြားသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုစစ်ဆင်ရေးအား People’s Defence Force South Monywaနှင့်အတူ Monywa Ranger Group/Truth Army ၊Black Hunter People’s Task Force ၊Anyar Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

ယနေ့နံနက်ပိုင်းကပင် မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်က PDF အဖွဲ့ မြှုပ်ထားသည့် ပဒေသာမိုင်း၃လုံးအား တွေ့ရှိသွားပြီး လက်ထဲ၌ ပေါက်ကွဲခဲ့ပြီး ငါးဦးသေဆုံးနိုင်ကြောင်း PDF- South Monywa သည် အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"စကစနှင့်အနီးကပ်နေလို့ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ အပျက်အစီးဖြစ်ပါက ကျွန်တော်တို့ ဝမ်းနည်းရုံမှတပါး တာဝန်မယူပါ။"ဟု Monywa The Boysအဖွဲ့ကအသိ​ပေးသည်။

သတင်း

တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသော ရဲတပ်သားတစ်ဦးကို မဟာမိတ်ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အသိပေးသည်။

သတင်း

အဆိုပါ မြ၀တီ -ဝေါ်လေလမ်း သုံးထပ်ကွေ့ နှင့် အနီးတဝိုက်ဒေသများတွင် ဇွန်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ၂လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

သတင်း

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။