Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်လမ်းမပေါ်တွင် မင်းအောင်လှိုင်ပုံတူအရုပ်ချ ဆန္ဒပြ၍ စစ်ကောင်စီက လမ်းများပိတ်

လက်ရှိတွင် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - Yangon Drone
ဓာတ်ပုံ - Yangon Drone

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အင်းစိန်လမ်းမကြီး အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံစံတူ အရုပ်ချထားပြီး ဆန္ဒပြခဲ့၍ စစ်ကောင်စီက လမ်းများပိတ်ထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခွဲကျော်တွင် အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့် မီးပွိုင့်အလယ်တွင် မင်းအောင်လှိုင် ပုံတူ အရုပ်အား စစ်ဝတ်စုံဖြင့် ချထားပြီး တာယာကွင်းများ မီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ‌‌ပြောသည်။

ထို့နောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ အင်းစိန်လမ်းမကြီးအား စစ်ကားများဖြင့် လမ်းများပိတ်ဆို့၍ အိမ်စီးကားများ၊ လိုင်းကားများအား အဝင်မခံဘဲ စစ်ဆေးနေကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - Yangon Drone
ဓာတ်ပုံ – Yangon Drone

“အောင်သိဒ္ဓိလမ်း မီးပွိုင့်နားမှာ ဆန္ဒပြသွားလို့ ဆိုပြီး စစ်တပ်က လမ်းတွေပိတ်ထားတယ်။ ကားတွေကို ပေးမသွားဘူး ပြန်လှည့်ခိုင်းတယ်။ လိုင်းကားတွေတောင် အင်းစိန်လမ်းကို ပေးမဖြတ်ဘူး။ သမိုင်းဗဟိုလမ်းပေါ်ကနေ သွားနေရတယ် “ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အင်းစိန်လမ်းမ ဦးရေခဲလမ်းထိပ်မှာ ဖြတ်သွားသမျှ ပြည်သူတွေကို လိုက်စစ်နေတယ်။ စက်ဘီးနဲ့ သူတွေကိုရော ရပ်ခိုင်းပြီး ဖုန်းတွေပါ စစ်ဆေးနေတာတွေ့ရတယ် “ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မတရားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသော်လည်း လူငယ်များက နည်းလမ်းမျိုးစုံဖြင့် နေ့စဥ်မပြတ် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"စကစနှင့်အနီးကပ်နေလို့ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ အပျက်အစီးဖြစ်ပါက ကျွန်တော်တို့ ဝမ်းနည်းရုံမှတပါး တာဝန်မယူပါ။"ဟု Monywa The Boysအဖွဲ့ကအသိ​ပေးသည်။

သတင်း

တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသော ရဲတပ်သားတစ်ဦးကို မဟာမိတ်ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အသိပေးသည်။

သတင်း

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။