Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန့်ဟင်းခါးစားနေသည့် ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက်ရာအိမ်မှူး ပစ်သတ်ခံရ

ရာအိမ်မှူးဝင်းဇော်မှာ ယနေ့(သြဂုတ် ၁၉ ရက်)၊ နံနက် ၇နာရီခန့်က ရွှေပြည်သာမြို့နယ် နီလာစျေးအနီးရှိ မုန့်ဟင်းခါးဆိုင်၌ ဇနီးဖြစ်သူနှင့်အတူ ထိုင်စားနေစဥ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက်ရာအိမ်မှူး မုန့်ဟင်းခါးစားနေစဥ် သေနတ်ဖြင့် ကိုးချက်ထက်မနည်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ရာအိမ်မှူးဝင်းဇော်မှာ ယနေ့(သြဂုတ် ၁၉ ရက်)၊ နံနက် ၇နာရီခန့်က ရွှေပြည်သာမြို့နယ် နီလာစျေးအနီးရှိ မုန့်ဟင်းခါးဆိုင်၌ ဇနီးဖြစ်သူနှင့်အတူ ထိုင်စားနေစဥ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ထ/၁၆ ရပ်ကွက်က ။စစ်တပ်က သူ့အဖေ လို့ သတ်မှတ်ထားတဲ့ကောင်။ဖအေတွေ အာဏာသိမ်းပြီးတဲ့နောက်အမြဲတမ်း ရပ်ကွက်ထဲ ဆရာကြီးလုပ်နေတဲ့ကောင်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရှင်းလင်းခံရသည့် ရာအိမ်မှူး ဝင်းဇော်၏ ခန္ဓာကိုယ်တွင် စုစုပေါင်း ကျည်ထိဒဏ်ရာ ကိုးချက် အထိ ရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က လှော်ကားဘုရားလေး မှတ်တိုင်အား ပိတ်ဆို့ခဲ့​ပြီး ဈေးအတွင်းတွင်လည်း စစ်ကားသုံးစီးခန့် ရောက်ရှိလာ၍ ဈေးဆိုင်များလည်းပိတ်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ် SPT Information က အသိပေးသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ရှင်းလင်းသည်ကို မသိရသေးပေ။

သြဂုတ် ၈ ရက်ကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက် ရာအိမ်မှူးကိုလည်း ရှင်းလင်းခဲ့ကြောင်း Wolves အဖွဲ့ က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါရွာသားနှစ်ဦးဟာ ကျေးရွာအတွင်း ကျန်ရှိနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပြန်လာကြည့်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရတာဖြစ်ပါတယ်။

သတင်း

"မြိတ် Sea View ကုန်တိုက်အနီး ၎င်းတို့ရောင်းနေသောဝက်သားတုတ်ထိုးဆိုင်၌ သွားရောက်ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်"ဟု မြိတ်(ပကဖ)က ဆိုသည်။

သတင်း

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။