Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းရှာစစ်အုပ်စုအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာတောင်ပိုင်း PDFပြော

စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု PDF South Monywaက အသိပေးသည်။ ထိခိုက်မှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ် ယာဥ်တန်းအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ် ယာဥ်တန်းအား ယခင်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွ​င် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းတွေ့၍ သိမ်းဆည်းသွားစဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း People’s Defence Force – South Monywaက သတင်းထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၈ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်က ပဒေသာမိုင်း သုံးလုံးအား တွေ့ရှိ၍ ဂျန်ပါကားအနီး သိမ်းဆည်းသွားခဲ့သည်။

အချိန်အနည်းငယ်အကြာတွင် အဆိုပါ ပဒေသာမိုင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ရှစ်ဦး နေရာတွင်ပင် လဲကျသွားကြောင်း၊ မိုင်းများအနီးထိုင်နေသူ ငါးဦးသေဆုံး၍ သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း PDF South Monywaက ပြောသည်။

စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု PDF South Monywaက အသိပေးသည်။ ထိခိုက်မှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုစစ်ဆင်ရေးအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၊ တပ်ရင်း (၁)၊ တပ်ခွဲ (၁) People’s Defence Force – South Monywaနှင့် Black Hunter People’s Task Force အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့နံနက်ပိုင်းကလည်း မိုင်းလာရှာသည့်အကြမ်းဖက်အုပ်စုကို နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုများရှိကြောင်း PDF South Monywaက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကာကွယ်ရေး ရဲဘော်များ နှင့် ရပ်ကျေး(ပကဖ)များထံသို့လည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထားပြီးဖြစ်ကြောင်း မုံရွာမြို့နယ်(ပကဖ)က အသိပေးထားသည်။

သတင်း

"စကစနှင့်အနီးကပ်နေလို့ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ အပျက်အစီးဖြစ်ပါက ကျွန်တော်တို့ ဝမ်းနည်းရုံမှတပါး တာဝန်မယူပါ။"ဟု Monywa The Boysအဖွဲ့ကအသိ​ပေးသည်။

သတင်း

Mytel လျော့တိုက်လက်လုပ် ဒုံး(၁၄)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ (၉)လုံးထိထိမိမိအောင်မြင်ခဲ့ပြီး နောက်ဆုံး သင်္ဘောကို ချက်ကောင်းထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး မြို့လှ KPDF တပ်ဖွဲ့များ အထိခိုက်မရှိဘဲ အသာစီးရယူနိုင်ခဲ့ကြောင်း အသိပေးသည်။