Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ်အတွင်း သွားလာမည့်ကားများ စစ်ကားများနှင့် ကပ်မလိုက်ရန်အပါအဝင်လိုက်နာရန်အချက်များကို ရေးပြောက်ကျားတပ်ဖွဲ့ သတိပေး

​ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်ကို အပြင်းအထန်ခုခံ​​တော်လှန်​နေ​သော​​​ဒေသအချို့ထဲမှတစ်ခုဖြစ်သည်။

ရေးမြို့နယ်
ရေးမြို့နယ်

ရေးမြို့နယ်အတွင်း သွားလာမည့်ကားများအနေဖြင့် စစ်ကောင်စီကားများနှင့်ခပ်ဝေး‌ဝေးမောင်နှင်ရန်အပါအဝင် အချက် သုံးချက်ကို ရေးပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၁၈ ရက်ကထုတ်ပြန်သတိ​ပေးသည်။

ကားမှန်များချမောင်းနှင်ရန်၊ စတေကာအမဲများကပ်ထားပါက ခွာထားကြရန်၊ ယာဉ်များတွင် အမိုးအကာများ ဖုံးကာထားခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်ကားများ၊ စစ်ကောင်စီယာဉ်ဟု ထင်မြင်ရသည့် ယာဉ်များကို တွေ့ရှိပါက ကပ်မလိုက်ရန်နှင့်ယှဉ်တွဲသွားလာခြင်းမပြုရန်သတိ​ပေးထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်များသည် အိမ်စီးကား၊ ခရီးတင်ကားနှင့်ကုန်တင်များအတွက်ဖြစ်ပြီး သတိပေးချက်ကို လိုက်နာကြရန်လည်း ရေးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

အထက်ပါသတ်မှတ်ချက်များအတိုင်း ရေးမြို့နယ် သံဖြူဇရပ်မှ တနင်္သာရီတိုင်း မလွဲတောင်အထိမောင်းနှင်ရမည်ဟုလည်းအသိ​ပေးထားသည်။

​ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်ကို အပြင်းအထန်ခုခံ​​တော်လှန်​နေ​သော​​​ဒေသအချို့ထဲမှတစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"စကစနှင့်အနီးကပ်နေလို့ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ အပျက်အစီးဖြစ်ပါက ကျွန်တော်တို့ ဝမ်းနည်းရုံမှတပါး တာဝန်မယူပါ။"ဟု Monywa The Boysအဖွဲ့ကအသိ​ပေးသည်။

သတင်း

လတ်တလောမှာ ရန်ကုန်၊ မွန်၊ ကရင်အပါအဝင် တိုင်းနဲ့ပြည်နယ်တစ်ချို့မှာ ရေကြီးမှုဘေး၊ မြေပြိုမှုဘေးနဲ့ လေပြင်းဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ (ဩဂုတ် ၁၆ ရက်)ကစပြီး ဂန့်ဂေါနယ်တောင်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထား သည်။

သတင်း

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် များသည် ဖမ်းဆီးခံရခြင်းဖြစ်နိုင်သလို ယနေ့နံနက် စစ်ကိုင်းတံတား၌ ဖြစ်သည့် ပစ်ခတ်မှုမှာလည်း ၎င်းတို့၏ အဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။