Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထောက်တိုင် ထွေအုပ်အရာတမ်းများအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း NUG ကြေညာ

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြစဉ်။ ဓာတ်ပုံ -CJ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြစဉ်။ ဓာတ်ပုံ -CJ

မကြာမီပေါ်ပေါက်လာမည့် ပြည်သူ့အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ရာတွင် စစ်ကောင်စီထောက်တိုင်အဖြစ် အမှုထမ်းလျှက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌနာမှ အရာတမ်းများအား ဆက်လက်တာဝန်ထမ်းဆောင်ခွင့်မရှိစေဘဲ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးသတင်းများပေးပို့ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ငွေကြေးထောက်ပံ့ခြင်း၊ NUG ပြည်ထဲရေးဝန်းကြီးဌာနအောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနသို့ချိတ်ဆက်ကာ ငွေ ကြေးနှင့် အခြားအထောက်အပံ့များ ပေးပို့လျှက်ရှိသော အရာထမ်းနှင့် အခြား ပြည်သူ့ဝန်ထမ်းများမှာ ထုတ်ပယ်မည့်စာရင်းတွင် ပါဝင်ခြင်းမရှိဟု အတိအအလင်းဖော်ပြထားသည်။

“ပြည်သူ့ဘက်တော်သား ဝန်ထမ်းများအား ပါဝင်ခြင်းမရှိစေဘဲ ၎င်းပုဂ္ဂိုလ်တို့၏ ရဲရင့်သော စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေမှုများအပေါ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်သည်”ဟု ထည့်သွင်းဖော်ပြသည်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ပြည်နယ်၊ တိုင်းနှင့် နေပြည်တောင်ကောင်စီ အုပ်ချုပ်ရေးမှူးတို့အား အမည်ပျက်စာရင်းသွင်းခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ် ပယ်ခြင်းကို ၂၀၂၁ ခုနှစ် နိုင်ဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။

သတင်း

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

သတင်း

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်း​ဖော်ပြထားသည်။