Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါတောင်ပိုင်းစစ်​ကြောင်းထိုးလာ​သောစစ်ကောင်စီတပ်ကိုဒေသခံPDFမျာတိုက်ခိုက်

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်း​ဖော်ပြထားသည်။

(CDF -KKG တက်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)
(CDF -KKG တက်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)

ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား အိမ်သစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF(KKG)ကထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲသည် ယမန့်နေ့(ဩဂုတ် ၁၈ ရက်) က တစ်နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် အကျအဆုံးများရှိနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်များဘက် နှစ်ဦးမစိုးရိမ်ရ​သောဒဏ်ရာရရှိခဲ့သည်ဟု CDF-က​လေး၊က​​ဘော်၊ဂန့်​ဂေါ် (KKG)ကအသိ​ပေးသည်။

ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းတွင်စစ်ကောင်စီတပ်သား ၅၀နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂၀ ခန့်ဖြင့် စုစုပေါင်း ၇၀ခန့်ပါဝင်သည်။

ဒေသခံကာကွယ်ရေးတပ်များဘက်ကCDF(KKG)တပ်ရင်း-၆၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၊ နဂါးညီနောင်အဖွဲ့(၁)၊ ပ ကဖ နှင့် Gangaw PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်း​ဖော်ပြထားသည်။

သို့​သော်စစ်ကောင်စီတပ်က အိမ်သစ်ရွာမှ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ခေါက်ခူရွာမှ ရွာသားနှစ်ဦးကိုဖမ်းဆီးထား​ကြောင်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

သတင်း

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။