Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချပ်သင်းဒေသတိုက်ပွဲတွင် စစ်ကောင်စီနှင့်အတူပါလာသည့် ပျူစောထီးသုံးဦးကို ဖမ်းမိ

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

ကန့်ဘလူခရိုင်တပ်ရင်း - ၂မှ ရဲဘော်များအား တွေ့ရစဉ်
ကန့်ဘလူခရိုင်တပ်ရင်း - ၂မှ ရဲဘော်များအား တွေ့ရစဉ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ချပ်သင်းဒေသတိုက်ပွဲတွင် စစ်ကောင်စီနှင့်အတူပါလာသည့် ပျူစောထီးသုံးဦးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဖမ်းဆီးထားသည်။

ချပ်သင်းသစ်တောကြိုးဝိုင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့သည် (သြဂုတ် ၁၈ရက်)ညက တိုက် ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က အကျအဆုံးများခဲ့ပြီး ပျူစောထီးသုံးဦးကို အရှင်ဖမ်းမိခြင်းဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၉ရက် ညတွင် ထုတ်ပြန်သည်။

“အဲ့ဒီညက ကိုးတောင်ဘို့က စစ်ကြောင်းရော ချပ်သင်းကစစ်ကြောင်းကိုပါ ဝင်တိုက်ခဲ့တာ။ရှေ့ရက်တွေ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

လတ်တလောတွင် ချပ်သင်းဒေသနှင့် ကိုးတောင်ဘို့ကျေးရွာဝန်းကျင်တွင် တိုက်ပွဲပြန်ဖြစ်လာနိုင် ၍ ဒေသခံများ တိမ်းရှောင်နေထိုင်သင့်ကြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

သြဂုတ် ၁၈ရက်က ကိုးတောင်ဘို့ရွာတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားအမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်။

ဒေသတွင်း၌ စစ်ဘေးသင့်ပြည်သူတစ်သောင်းကျော်အထိ ရှိနေပြီဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်မှုများ ပိုပြုလုပ်လာပြီး အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို မိးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

သတင်း

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။