Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာတွင် စစ်ကောင်စီတပ်က ကျောက်ထုံးကြီးရွာအား မီးရှို့ဖျက်ဆီးပြီး ထပ်လာရှို့မည်ဟု ခြိမ်းခြောက်

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။

အကြမ်းဖက်စစ်တပ်က ကျောက်ထုံးကြီးရွာအတွင်း မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ကသာ (ပကဖ)
အကြမ်းဖက်စစ်တပ်က ကျောက်ထုံးကြီးရွာအတွင်း မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ကသာ (ပကဖ)

▪️စစ်ကောင်စီတပ်က ပြည်သူ ၅၀ခန့် ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်အချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ထပ်မံလာရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(သြဂုတ်၁၉ ရက်) နံနက် ၁၀ နာရီခန့်က ကသာမြို့နယ်၊ ဧရာဝ​တီမြစ်အရှေ့ခြမ်း၊ကျောက်ထုံးကြီးတိုက်နယ်ရွာရှိ နှစ်ထပ်တိုက် နှစ်လုံး၊ ပျဉ်ထောင်အိမ်တစ်လုံးတို့ကို အင်အား(၁၂၀)ပါ ရွှေကူ (ကချင်ပြည်နယ် အခြေစိုက်) (၆၀၂)(၅၆)တပ်များက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။

ထို့အပြင် ကျောက်ထုံးကြီးကို နောက်တစ်ခေါက် ပြန်လာပြီး နေအိမ် အနည်းဆုံး(၂၇)လုံး အထက် ထပ်မံမီးရှို့ ရန်ကျန်သေးကြောင်း ခြိမ်းခြောက် သွားသည်ဟု ကသာ(ပ.က.ဖ)က ပြောသည်။

ကျောက်ထုံးကြီးရွာရှိ ဒေသခံပြည်သူ ၅၀ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၈ရက် နံနက်ပိုင်းက ကသာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း သွားလာနေသော အကြမ်းဖက်စစ်တပ်၏ သင်္ဘော၆စီးအား ABSDF၊ ကသာမြို့နယ် (ပကဖ)နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ များတပ်ပေါင်းစုက လက်လုပ်လျှော့ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

သတင်း

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။