Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် PDF ရဲဘော် နှစ်ဦး စစ်ကောင်စီတပ်ကင်းပုန်းနှင့် ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံး

“မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။”ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)
(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး အကြမ်းဖက်စစ်ကောင်စီတပ်ကင်းပုန်းနှင့် ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးခဲ့သည်။

စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ- ၄၊ Zamani ၏ ရဲဘော်ဟောင်းတစ်ဦးဖြစ်သူ မျောက်ရှုံး(ခ)မိုးမင်းသိန်းနှင့် ငါးထောင့်ကြယ်အဖွဲ့၏ ရဲဘော်တစ်ဦးတို့သည် ဩဂုတ် ၁၈ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ကင်းပုန်းနှင့် ထိတွေ့မှုဖြစ်ပြီး ကျဆုံးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)
(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)

“မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။”ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

ယင်းရဲဘော်နှစ်ဦးအား ယမန်နေ့(ဩဂုတ် ၁၉ ရက်) နံနက် ၁၁ နာရီအချိန်တွင် Zamani အဖွဲ့သားများနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက အမိန့်ပြန်အခမ်းအနားနှင့်အတူ မီးသင်္ဂြိုလ်ခဲ့ကြောင်း Zamani Revolution Force/MMU Myaung တပ်ဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကျောင်းသား မိဘပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထောင်တွင်းအကြမ်းဖက်များနှင့် နိုင်ငံ​ရေးအကြောင်းများကို ဟောပြောဆွေးနွေး၍ သိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

သတင်း

"စစ်ကောင်စီက အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းတွေထောင်ထားနေကြဖြစ်တယ်"ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

သြဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်သည် Pauk Regional Defense Force ၏ စခန်းအား စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။