Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းရွာရဲစခန်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေ

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

(ယခုလ ၁၇ ရက်က မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနီးကပ်တိုက်ခိုက်နေစဥ်)
(ယခုလ ၁၇ ရက်က မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနီးကပ်တိုက်ခိုက်နေစဥ်)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံနေရသော ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုပြုလုပ်နေကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။

အင်အားဖြည့်တင်းမှုကို ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ (၅၀)တပ်မှ လာရောက်ခြင်းဖြစ်ပြီး သြဂုတ် ၁၉ရက်ညပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲနေပြီဟု ဆိုသည်။

“အတည်မပြုနိုင်သေးတဲ့သတင်းအရ မင်းရွာကိုစခန်းမှူးလာလဲတာလို့ သိရတယ်။ရဲတပ်သားအင်အားထပ်ဖြည့်တာလို့ဆိုပါတယ်။ အခုထိတော့မင်းရွာရဲစခန်းကနေ ဘယ်မှမထွက်ကြပါသေးဘူး”ဟု ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

မင်းရွာ
မင်းရွာ

ခလရ(၅၀) စစ်ကြောင်းသည် သြဂုတ် ၁၆ ရက်ကစ၍ ဂန့်ဂေါမြို့ပေါ်မှစတင်ထွက်ခွာလာခဲ့ပြီး အင်အား ၆၀ ခန့်ပါရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့ပေါ် နှင့် ၁၅ မိုင်ခန့်ကွာဝေးသည့် မင်းရွာရှိ ရဲစခန်းကို လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများပါဝင်သော စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြောင်း People’s Defence Force – Htilin က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက်ကလည်း ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ် ကြောင်း များဖြင့် ထိုးစစ်ဆင်နေသည်။

သြဂုတ် ၁၈ ရက်က ဂန့်ဂေါနယ် အိမ်သစ်ရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားခြောက် ဦးသေဆုံးကာ လက်နက်ဖြင့်ထွက်ပြေးလာသော ရဲတစ်ဦးကို PDF တို့က ဖမ်းဆီးရမိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကျောင်းသား မိဘပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထောင်တွင်းအကြမ်းဖက်များနှင့် နိုင်ငံ​ရေးအကြောင်းများကို ဟောပြောဆွေးနွေး၍ သိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

သတင်း

"စစ်ကောင်စီက အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းတွေထောင်ထားနေကြဖြစ်တယ်"ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။