Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ ကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် နော်ဝေသံရုံးသုံးစွဲထား

အဆိုပါ LOTTE ဟိုတယ်တွင် ဩစတြေးလျအစိုးရကလည်း စစ်တပ်၏အာဏာသိမ်းမှုအပြီး ဒေါ်လာ ၅၂၅,၀၀၀ သုံးစွဲခဲ့သည်။

စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ ကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် နော်ဝေသံရုံးသုံးစွဲထား
စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ ကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် နော်ဝေသံရုံးသုံးစွဲထား

LOTTE ထံအကျိုးအမြတ်ပေးနေခြင်းကို ချက်ချင်းအဆုံးသတ်ရန် JFM တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံရုံးသည် တရားမဝင်စစ်အာဏာသိမ်းမှုအပြီး စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် သုံးစွဲထားကြောင်း နော် ဝေသတင်းစာ Aftenposten က ထုတ်ပြန်သည်။

LOTTE သည် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီနေပြီး နော်ဝေ နိုင် ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ သံရုံးက ယင်းဟိုတယ်၌ တစ်လလျှင် ဒေါ်လာ ၄,၀၀၀ မှ ၆,၃၀၀ စျေးနှုန်းရှိသည့်အခန်းများအတွက် အများဆုံးအသုံးပြုခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

“အဲ့ဒီဟိုတယ်ကို နော်ဝေနိုင်ငံက အသုံးပြုတာကိုခွင့်လွှတ်နိုင်ဖွယ်ရာ ကိစ္စမဟုတ်ပါဘူး။ ဒီမတိုင်မီကလည်း နော်ဝေနိုင်ငံပိုင် တယ်လီနော်ကုမ္ပဏီက ထိခိုက်နိုင်ဖွယ်ရှိတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လူသတ်စစ်ကောင်စီဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ နော်ဝေအစိုးရက ဒီကိစ္စကို တာဝန်ယူတာ မရှိခဲ့ပါဘူး” ဟု JFM က ဆိုသည်။

အဆိုပါ LOTTE ဟိုတယ်တွင် ဩစတြေးလျအစိုးရကလည်း စစ်တပ်၏အာဏာသိမ်းမှုအပြီး ဒေါ်လာ ၅၂၅,၀၀၀ သုံးစွဲခဲ့သည်။

ထို့ကြောင့် နော်ဝေနှင့် ဩစတြေးလျတို့အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်စီးပွားရေး ဆက်နွယ်မှုရှိသည့် LOTTE ထံအကျိုးအမြတ်ပေးနေခြင်းကို ချက်ချင်းအဆုံးသတ်ရန်၊ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်နှင့် ပံ့ပိုးကူညီရန် JFM က တောင်းဆိုသည်။

LOTTE ဟိုတယ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး စစ်ထောက်ချုပ်ရုံးသည် မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်လက်နက်များကို ဝယ်ယူပေးနေသော ဌာနဖြစ် သည်။

အဆိုပါ စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါရွာသားနှစ်ဦးဟာ ကျေးရွာအတွင်း ကျန်ရှိနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပြန်လာကြည့်ချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံခဲ့ရတာဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ဖြည့်တင်းရန် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ဧပြီ ၄ ရက်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့် တရက်အတွင်းရောင်းချရမည်ဟု ဖိအားပေးခဲ့သည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ဘက်ကတော့ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကေအဲန်ယူက အတည်ပြုထားပါတယ်။

သတင်း

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက ၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ်သာရှိခဲ့သည်။ထို​ကြောင့် ​ငွေလဲနှူန်းအရဆိုပါက ကျပ်​ငွေတန်ဖိုးသည် တစ်နှစ်ခွဲ အကြာတွင်၁၂၄ ရာခိုင်နှူန်းတန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်သည်။