Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်နယ်အခြေစိုက် PDFစခန်းမီးရှို့ဖျက်ဆီးခံရ၍ ကျပ်သိန်း ၅၀၀ခန့်ဆုံးရှုံး

သြဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်သည် Pauk Regional Defense Force ၏ စခန်းအား စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။

PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF
PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Pauk Regional Defense Force ၏ စခန်းအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ဖျက်ဆီးသွား၍ ကျပ်သိန်း ၅၀၀ခန့်ဆုံးရှုံးခဲ့ကြောင်း PRDFက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်သည် Pauk Regional Defense Force ၏ စခန်းအား စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။

တိုက်ရိုက်ထိတွေ့တိုက်ပွဲတွင် စခန်းကိုမကာကွယ်နိုင်ဘဲ လူလွတ်ရန် ဆုတ်ခွာတိမ်းရှောင်ခဲ့ကြောင်း PRDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PRDFသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စခန်းဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၅၀၀ခန့် ဆုံးရှုံးသွားသည်ဟု PRDFက ခန့်မှန်းထားသည်။ ၎င်းတို့ထုတ်ပြန်သည့် မှတ်တမ်းဓါတ်ပုံများတွင် ကားတစ်စီးနှင့် ဆိုင်ကယ်အများအပြားကိုပါ မီးရှိူ့ဖျက်ဆီးခံထားရသည်ကို တွေ့မြင်ရသည်။

“ပျက်စီးဆုံးရှုံးသွားသည်မှာ စခန်းတစ်ခုဆိုတာထက်ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်အနာဂတ်များရှင်သန်ရာ​ဖြစ်သည်။ ကျွန်တော်တို့ RDF တပ်ဖွဲ့ ပြန်လည်ထူထောင်နိုင်ရန် ၊ ဆုံးရှုံးမူများထက် ပြည်သူ့ရည်မှန်းချက် fedral democracy ပန်းတိုင် အရောက်လှမ်းနိုင်ဖို့ ကူညီထောက်ပံ့မူများလိုအပ်နေပါသဖြင့် Page cb ကိုလာရောက်ဆက်သွယ် လှူဒါန်းပေးကြပါရန် တစ်ဖွဲ့သားလုံးကိုယ်စား ပြည်သူအားလုံးကို လေးစားစွာဖြင့် ပြည်သူ့မေတ္တာများ တောင်းခံအပ်ပါသည်။”ဟု PRDFက ဆိုသည်။

PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF
PRDFစခန်း ဖျက်ဆီးမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်တ်ပုံ-PRDF

အကြမ်းဖက်စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်က ပေါက်မြို့နယ်အတွင်းရှိ အထက်ချိုင်ဇောက်ကျေးရွာနှင့် အောက်ချိုင်ဇောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်၇၀နီးပါးနှင့် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စိတပ်သည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်များကို သြဂုတ်လဆန်းပိုင်းတွင် တကျော့ပြန်စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသတွင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအတိအကျအား မသိရှိရသေးကြောင်း သာယာဝတီခရိုင် PDF က အသိပေးသည်။

သတင်း

အဆိုပါ စစ်ရှောင်များ လတ်တလော စားနပ်ရိက္ခာအတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စီစဉ်ပေးထားသည်ဟုဆိုသည်။

သတင်း

"မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။"ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။