Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ် – ကလိန်အောင်လမ်းပိုင်းတွင် ရဲနှင့် ပျူစောထီးများလိုက်ပါသည့်ယာဥ်ကို တိုက်ခိုက်၊ ဒုရဲအုပ်နှင့် ပျူနစ်ဦးသေ

“ထိုတိုက်ခိုက်မှုတွင် ၎င်းတို့ စီးနင်းလာသော ကားထိခိုက်ပျက်စီးသွားခဲ့ပြီး ဒုရဲအုပ်(၁)ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါသည်”ဟု ဖော်ပြသည်။

(ထားဝယ်-ကလိန်အောင်လမ်းပိုင်းတစ်နေရာအားတွေ့ရစဥ်)
(ထားဝယ်-ကလိန်အောင်လမ်းပိုင်းတစ်နေရာအားတွေ့ရစဥ်)

ထားဝယ် – ကလိန်အောင်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများစီးနင်းလိုက်ပါလာသည့် ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(KBDF)က ယနေ့ (သြဂုတ် ၂၀) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၉)ရက်နံနက် ၉ နာရီခွဲတွင် ထား ဝယ်-ကလိန်အောင်လမ်း မိုင်တိုင်(၄၀) အနီးတွင် ထားဝယ်ဖက်သို့ ဦးတည်မောင်းနှင်လာသော ကံပေါက်နယ်မြေရဲစခန်းမှ ဒုရဲအုပ်တစ်ဦး၊ ပျူစောထီး ၊ ဒလန်စုစုပေါင်းခြောက်ဦးပါ ယာဥ်တစ်စီးကို KBDF နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့-TPLF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ထိုတိုက်ခိုက်မှုတွင် ၎င်းတို့ စီးနင်းလာသော ကားထိခိုက်ပျက်စီးသွားခဲ့ပြီး ဒုရဲအုပ်(၁)ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါသည်”ဟု ဖော်ပြသည်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး မိနစ်၂၀ခန့်တွင် အကြမ်းဖက် စစ်ကောင်စီဖက်မှ အခင်းဖြစ်ပွားရာအနီး တောစပ်များသို့ လက်နက်ကြီးဖြင့် သုံးချက်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း KBDF နှင့် ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့-TPLF တို့ ဘေးကင်းလုံခြုံရာနယ် မြေသို့ အောင်မြင်စွာ ခွာစစ်ဆင်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်" ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအတိအကျအား မသိရှိရသေးကြောင်း သာယာဝတီခရိုင် PDF က အသိပေးသည်။

သတင်း

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

သတင်း

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်း​ဖော်ပြထားသည်။