Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာအား သာယာဝတီခရိုင် PDF တိုက်ခိုက်

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအတိအကျအား မသိရှိရသေးကြောင်း သာယာဝတီခရိုင် PDF က အသိပေးသည်။

နတ္တလင်းမြို့နယ်
နတ္တလင်းမြို့နယ်

ပဲခူးတိုင်း နတ္တလင်းမြို့နယ် လယ်မအင်းအုပ်စုတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့(သြဂုတ် ၂၀) ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁၉ ရက်) ည ၈ နာရီ ၅၂ မိနစ်ခန့်တွင် လယ်မအင်းအုပ်စု၊ အောင်သုခရွာ အောက်ကျောင်းဘုန်း ကြီးကျောင်းအောက်ဘက် လှေဆိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“စကစ အင်အား ၁၀ ယောက်ခန့်ရှိတယ်ဗျ။ သူတို့က ဘန်ကာအခိုင်အမာနဲ့ စခန်းချနေတာခင်ဗျ။ ထိခိုက်မှုတော့ ရှိတယ်လို့ ကြားတယ်ခင်ဗျ”ဟု MRF တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအတိအကျအား မသိရှိရသေးကြောင်း သာယာဝတီခရိုင် PDF က အသိပေးသည်။

သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများ၎င်းတို့နှင့် ဝေးဝေးနေကြရန် သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ဩဂုတ် ၁၉ရက်တွင် ဂန့်ဂေါနယ် တောင်ခရန်ရွာ ရဲစခန်းမှနှမ်းခါးရွာသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထားသည်။

သတင်း

"စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်" ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

​ဒေါ်ခင်မာဝင်းနှင့် ​ဒေါ်ခင်မြင့်တို့သည် ​ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

ခရီးသွား ကားပေါ်တက်တဲ့အခါမှာလည်း ဝယ်ယူထားတဲ့ခုံနံပါတ်နဲ့ မှတ်ပုံတင် ကိုက်ညီမှု ရှိမရှိကို တိုက်စစ်ရမယ်လို့ စစ်ကောင်စီက တင်းကျပ်လိုက်ပါသေးတယ်။