Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါနယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်ရောက်နေ၍ ပြည်သူများသတိထား တိမ်းရှောင်ရန် ကြေညာ

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ဩဂုတ် ၁၉ရက်တွင် ဂန့်ဂေါနယ် တောင်ခရန်ရွာ ရဲစခန်းမှနှမ်းခါးရွာသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထားသည်။

(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)
(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိနေပြီး မည်သည့် နေရာသို့ စစ်ကြောင်းထိုးမည်ကို ခန့်မှန်းမရသေးကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယထား၍ ဘေးလွတ်ကင်း သောနေရာများတွင် ရှောင်တိမ်းနေထိုင်ကြရန် နှမ်းခါးရွာလူငယ်အဖွဲ့က ယနေ့ အသိပေး ကြေညာသည်။

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ဩဂုတ် ၁၉ရက်တွင် ဂန့်ဂေါနယ် တောင်ခရန်ရွာ ရဲစခန်းမှနှမ်းခါးရွာသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထားသည်။

(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)
(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – နမ်းခါးလူငယ်အဖွဲ့)

ထိုသို့ စစ်ကြောင်းထိုးရာတွင် တောင်ခရန်ရွာ ရဲစခန်းအတွင်းမှ လက်နက်ကြီးများ ပစ်ကူပေးခြင်း ၊ နှမ်းခါးရွာ မြောက်ဘက်ရှိ တောရကျောင်း အတွင်းမှ စစ်ကောင်စီများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စက်သေနတ်များ ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ပြီး နှမ်းခါးရွာသို့ ဝင်ရောက်တပ်စွဲ စခန်းချညအိပ်ခဲ့သည်ဟု ဆိုသည်။

(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)
(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – နမ်းခါးလူငယ်အဖွဲ့)

နှမ်းခါးရွာသို့ ရောက်နေသည့် စစ်ကောင်စီတပ်အနေဖြင့် မည်သည့်နေရာသို့ ဦးတည်မည်ကို မသိရ၍ နှမ်းခါး လူငယ်အဖွဲ့က ယခုကဲ့သို့ ပြည်သူလူထုအား အသိပေး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း နှမ်းခါးရွာကို အကြိမ်ကြိမ် ဝင်ရောက်ခဲ့ပြီး ၃ကြိမ်ထက်မနည်း ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်" ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

​ဒေါ်ခင်မာဝင်းနှင့် ​ဒေါ်ခင်မြင့်တို့သည် ​ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

ခရီးသွား ကားပေါ်တက်တဲ့အခါမှာလည်း ဝယ်ယူထားတဲ့ခုံနံပါတ်နဲ့ မှတ်ပုံတင် ကိုက်ညီမှု ရှိမရှိကို တိုက်စစ်ရမယ်လို့ စစ်ကောင်စီက တင်းကျပ်လိုက်ပါသေးတယ်။

သတင်း

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအတိအကျအား မသိရှိရသေးကြောင်း သာယာဝတီခရိုင် PDF က အသိပေးသည်။