Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမော့ဆိုနယ် ငွေတောင်ရွာသစ်ရွာတွင် တိုက်ပွဲပြင်းထန်

တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ခဲ့ပြီး(သတင်းအတိအကျမရရှိ‌သေး) DMO Local PDF မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

(ဒီမော့ဆို PDFမှ ရဲဘော်များအား တွေ့ရစဉ်)
(ဒီမော့ဆို PDFမှ ရဲဘော်များအား တွေ့ရစဉ်)

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၀ ရက်) နံနက် ၅ နာရီခွဲမှ နံနက်၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ရာ DMO -Local PDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၉တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ခဲ့ပြီး(သတင်းအတိအကျမရရှိ‌သေး) DMO Local PDF မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

“KNDF ဘက်က ရဲဘော်တစ်ဦးကျတယ်။ သုံးဦးထိခိုက်ဒဏ်ရာရတယ်။တိုက်ပွဲက တော်တော်ကို ပြင်းထန်နေတာ”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်က ညနေ ၄ နာရီခန့်တွင် လက်နက်ကြီးများ၊ အတွဲလိုက်ဒုန်းများ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား အသက်(၁၂) နှစ်အရွယ် မောင်စနေဦးထိမှန်ကာ ပွဲချင်းသေဆုံးခဲ့ရသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက် ကြီးများ၊ အတွဲလိုက်ဒုန်းများ နေ့စဉ်ပစ်ခတ်မှုကြောင့် ယခုအချိန်ထိ အရပ်သားပြည်သူ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်းလည်း DMO Local PDFက အသိပေးသည်။

ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း၊ကုန်းသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ နှင့် စည်ပင်စျေးတိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုနေထက်အောင် ကျဆုံးခဲ့ရခြင်းအတွက် စစ်ကောင်စီအား သေချာပေါက်လက်တုန့်ပြန်မည်ဟု Thongwa Youth Force(T.Y.F)က ထုတ်ပြန်ထားသည်။

သတင်း

ယနေ့(သြဂုတ် ၂၀ ရက်) ညပိုင်းကစ၍ ကုန်တင် ကား၊ခရီးသည်ကား၊ သုံးဘီးနှင့်မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ် ရန်လည်း အသိပေးသည်။

သတင်း

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ တပ်များ ထပ်မံ၍ (မြောက်မြားစွာ) သေကြ၊ ထိခိုက်လျက်ရှိသော်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အရေအတွက် အတိအကျအား စိစစ်ဆဲ ဖြစ်သည်ဟုဆိုသည်။