Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က အိမ်ခြေ ၇၀၀နီးပါး မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာမှ ဒေသခံများကို ရေစကြို(ပကဖ) ကျပ်၂၆သိန်း လှူဒါန်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်အတွင်းက လှေခုတ်ရွာနှင့် ငတရော်ရွာများကို ဝင်ရောက်တပ်စွဲနေထိုင်ပြီး မီးရှို့ခဲ့ရာ ငတရော်ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသည်။

ဓာတ်ပုံ - ရေစကြို PDF
ဓာတ်ပုံ - ရေစကြို PDF

▪️ပြန်လည်ထူထောင်ရေးအတွက် ကူညီရန်ဖိတ်ခေါ်

အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ရေစကြိုမြို့နယ် ငတရော်ရွာမှ အိမ်ခြေ ၅၀၀ ကျော်နှင့် လှေခုတ်ရွာမှ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရာ အဆိုပါ ကျေးရွာဒေသခံများ လတ်တလော နေထိုင်စားသောက်ရေးအတွက် ကျပ် ၂၆သိန်း လှူဒါန်းခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်အတွင်းက လှေခုတ်ရွာနှင့် ငတရော်ရွာများကို ဝင်ရောက်တပ်စွဲနေထိုင်ပြီး မီးရှို့ခဲ့ရာ ငတရော်ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသည်။

ဓာတ်ပုံ - ရေစကြို PDF

အဆိုပါ ကျေးရွာ နှစ်ရွာမှ မီးဘေးသင့် စစ်ရှောင် ပြည်သူများ ယာယီ စစ်ရှောင်ရာနေရာများ၌ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အလှူငွေ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ကူညီနိုင်ရန် ပကဖ Page မှတစ်ဆင့် ဆက်သွယ် လှူဒါန်းကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ဩဂုတ် ၁၉ရက်တွင် ဂန့်ဂေါနယ် တောင်ခရန်ရွာ ရဲစခန်းမှနှမ်းခါးရွာသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထားသည်။

သတင်း

"စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်" ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

​ဒေါ်ခင်မာဝင်းနှင့် ​ဒေါ်ခင်မြင့်တို့သည် ​ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

ခရီးသွား ကားပေါ်တက်တဲ့အခါမှာလည်း ဝယ်ယူထားတဲ့ခုံနံပါတ်နဲ့ မှတ်ပုံတင် ကိုက်ညီမှု ရှိမရှိကို တိုက်စစ်ရမယ်လို့ စစ်ကောင်စီက တင်းကျပ်လိုက်ပါသေးတယ်။