Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဖြူအထူးစီးပွားရေးစတင်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီက ကျောက်ဖြူတွင် လူထုတွေ့ဆုံပွဲလုပ်မည်ဟုဆို

တရုတ်ကုမ္ပဏီအကြိုက် စီမံကိန်းစတင်နိုင်ရန် ​ထောက်ခံ​ပေးမည်သာဖြစ်​ကြောင်း အဆိုပါဘုပ်ငန်းအ​ကြောင်းသိသူအချို့က People’s Spring သို့​ပြောသည်။

ကျောက်ဖြူ​ရေနက်ဆပ်ကမ်းပုံကြမ်း ။ ။ဓါတ်ပုံ-CITIC
ကျောက်ဖြူ​ရေနက်ဆပ်ကမ်းပုံကြမ်း ။ ။ဓါတ်ပုံ-CITIC

ကျောက်ဖြူအထူးစီးပွားရေဇုန် ၊ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်​သော CITICက ကျောက်ဖြူမြို့တွင် လူထုတွေ့ဆုံပွဲပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

တရုတ်ကုမ္ပဏီ CITICက ဆောက်လုပ်ခွင့်ရထားသည့် ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကျိူးသက်ရောက်မှုလေ့လာဆန်းစစ်မှုပြုလုပ်ရန် လူထုနှင့်တွေ့ဆုံခြင်းဖြစ်သည်ဟု တရုတ်ကုမ္ပဏီဘက်ကဆိုသည်။

တရုတ်ကုမ္ပဏီ၏ ​ကြော်ညာ
တရုတ်ကုမ္ပဏီ၏ ​ကြော်ညာ

ထိုတွေ့ဆုံပွဲကိုစစ်ကောင်စီကခန့်အပ်ထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ တရုတ်အစိုးရပိုင် CITICကုမ္ပဏီ၊ စီမံကိန်းစီမံခန့်ခွဲမှုအကြံပေး Hatchနှင့် Myanmar Survey Reserch (MSR)တို့က လူထုနှင့်ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံမည်ဟု​ကြေညာထားသည်။

CITIC Consortium Myanmar Post Investment နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့သည် ၂၀၂၀တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီကိုထူထောင်ခဲ့သည်ဟု တရုတ်ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ထိုကုမ္ပဏီသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပုံဖော်ခြင်း၊ ဒီဇိုင်းဆွဲခြင်းနှင့်ဆောက်လုပ်ခြင်းတို့ကို လုပ်ကိုင်ခွင့်ရထားသည်ဟုလည်း ဆိုသည်။

ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းကို MSRကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုMSRကုမ္ပဏီက သဘာဝပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ပြည်သူလူထုသိရှိရန်နှင့် အစိုးရဌာနများ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပြည်သူလူထုသဘောထားများကို တိုင်ပင်ဆွေးနွေးသွားမည်ဟု တရုတ်ကုမ္ပဏီကဆိုသည်။ သို့​သော် MSR ကုမ္ပဏီမှာလည်း သဘာဝပါတ်ဝန်းကျင်​လေ့လာဆန်းစစ်မှုလုပ်ငန်းကို အဖြစ်သာလုပ်၍

တရုတ်ကုမ္ပဏီအကြိုက် စီမံကိန်းစတင်နိုင်ရန် ​ထောက်ခံ​ပေးမည်သာဖြစ်​ကြောင်း အဆိုပါဘုပ်ငန်းအ​ကြောင်းသိသူအချို့က People’s Spring သို့​ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တရုတ်အစိုးရကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှပ်နှံမှုတန်ဖိုး​ဒေါ်လာ ၇ ဘီလီယံရှိ​သောထိုစီမံကိန်းတွင် တရုတ်ကုမ္ပဏီက ရှယ်ယာ ၈၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ရှယ်ယာ ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဟု ဦးသိန်းစိန်အစိုးရကသ​ဘောတူခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် ထိုစီမံကိန်းသည် ဒေါ်လာ ၇ဘီလီယံသတ်မှတ်ခဲ့၍ တရုတ်အကြွေးထောင်ချောက်မိနိုင်သည်ဟုသုံးသပ်ကာ စီမံကိန်းပထမအဆင့်ကို ​ဒေါ်လာ၁ ဒသမ ၃ ဘီလီယံအထိ လျော့ချစတင်ရန်ပြင်ဆင်ခဲ့သလို၊တရုတ်ကုမ္ပဏီကို ရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရဘက်မှ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က အာဏာသိမ်းစစ်​ကောင်စီနှင့်လက်တွဲ၍ ရင်းနှီးမြှပ်နှံမှုစီမံကိန်းများပြုလုပ်ပါက တရားမဝင်ဘဲ အသိ့အမှတိမပြု​ကြောင်း​ကြေညာထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

PDFနဲ့ဆက်စပ်တယ်ဆိုပြီး စစ်အုပ်စုက ချမ်းအေးသာစံမြို့နယ် ၅၂လမ်း၊ ၃၃လမ်းနဲ့ ၃၂လမ်းရှိ ကုမ္ပဏီအဆောက်အဦးနဲ့ နေအိမ်ကို ချိတ်ပိတ်သွားတာပါ။

သတင်း

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက ၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ်သာရှိခဲ့သည်။ထို​ကြောင့် ​ငွေလဲနှူန်းအရဆိုပါက ကျပ်​ငွေတန်ဖိုးသည် တစ်နှစ်ခွဲ အကြာတွင်၁၂၄ ရာခိုင်နှူန်းတန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်သည်။

သတင်း

ဖျက်သိမ်းခံရသည့် ကုမ္ပဏီများတွင် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ ပို့ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသဖြင့် လုပ်ငန်းမျိုးစုံပါဝင်သည်ဟု အထက်ပါပုဂ္ဂိုလ်က​ပြောသည်။

သတင်း

အဆိုပါစစ်လက်နက်ပစ္စည်းများကို တရားမဝင်အာဏာသိမ်းမှုအပြီးနှင့် မတိုင်မီတွင် တင်သွင်းရောင်းချခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သောကုမ္ပဏီ ၁၁၆ ခုနှင့် ဒါရိုက်တာ၊ ရှယ်ယာရှင် ၂၆၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM က တောင်းဆိုသည်။