Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည် ဖလံချိုင်ရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူလေးဦး ဒဏ်ရာရ

ဒဏ်ရာရသူများအား လူနာတင်ကားခေါ်ကာကျေးရွာအစီအစဉ်ဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်း နယ်ခံများက ပြောသည်။

(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

တစ်ဦးစိုးရိမ်ရပြီး ကားငှား၍မရသောကြောင့် ဆေးရုံပို့ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၂၁ရက်) နံနက် ၂နာရီခန် ဖလံချိုင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်လက်နက်ကြီးတစ်ချက် ကျရောက်ပေါက်ကွဲကာ နေအိမ်နှစ်အိမ်ရှိ လူလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလေးဦးအနက် အသက် ၆၀ ခန့် လင်မယားနှစ်ဦးလည်း ထိခိုက်ခဲ့ပြီး အမျိုးသားမှာလည်ပင်း၊ အမျိုးသမီးမှာ ဝမ်းဗိုက် ရှပ်ထိခဲ့သည်။ နောက်တစ်အိမ်မှ သားအဖနှစ်ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူမှာ ပါးနှစ်ဖက် ဖောက်ထွက်ဒဏ်ရာရကာ သွေးထွက်များနေသဖြင့် စိုးရိမ်ရကြောင်း၊ ဖခင်ဖြစ်သူမှာလည်း ခြေထောက် ရှပ်ထိခဲ့ကြောင်း ​ဒေသတွင်း Voice Of Tazeစာမျက်နှာက ဖော်ပြသည်။

ဒဏ်ရာရသူများအား လူနာတင်ကားခေါ်ကာကျေးရွာအစီအစဉ်ဖြင့် မန္တလေးမြို့သို့ ပို့ဆောင်ရန်စီစဉ်ထားသော်လည်း ယနေ့နံနက်ပိုင်းအထိ ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်း နယ်ခံများက ပြောသည်။

တန့်ဆည်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

သြဂုတ်လ ၁၉ ရက်ကလည်း တန့်ဆည်မြို့နယ် ဝါးရငယ်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောတပ်ဘက်က ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

ယခင် ပိတ်ထားသည့် မောင်တော - ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။