Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းရွာမြစ်အနောက်ဘက်ခြမ်းတွင် ထိတွေ့မှုဖြစ်ပွားနေ၍ မင်းရွာ- ဂန့်ဂေါလမ်းပိုင်းအား အသုံးမပြုရန် ဂန့်ဂေါ PDF သတိပေး

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

(ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော ဂန့်ဂေါမြို့နယ် မင်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ PDF GANGAW)
(ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော ဂန့်ဂေါမြို့နယ် မင်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ PDF GANGAW)

ဂန့်ဂေါမြို့နယ်၊ မင်းရွာမြစ်အနောက်ဘက်ခြမ်းတွင် ထိတွေ့မှုဖြစ်ပွားနေ၍ မင်းရွာ- ဂန့်ဂေါလမ်းပိုင်းအား လုံးဝအသုံးမပြုရန် PDF GAN GAW-တောင်ပိုင်းက သတိပေးထုတ်ပြန်သည်။

ယနေ့(သြဂုတ်၂၁ ရက်) နံနက် ၉ နာရီခန့်ကစ၍ မင်းရွာရဲစခန်းမှတဆင့် မင်းရွာ တံတားအတိုင်း မြစ်အနောက်ဘက်ခြမ်းသို့ ထွက်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ တိုက်ခိုက်နေသည်ဟု ဆိုသည်။

“စခများက တောသွားတောလာ လယ်သမားတွေပါ လိုက်ပစ်ခတ်နေပါသည်။ကျေးဇူး ပြု၍ မိဘပြည်သူ ညီအကိုများ စစ်ခွေးလာရာ လမ်းကြောင်းက်ု နီးစပ်ရာ PDF များကိုမေးမြန်း၍ ရှောင်ပေးကြပါ”ဟု PDF GANGAW တောင်ပိုင်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မင်းရွာရဲစခန်းကို အင်အားဖြည့်တင်းရန် ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ(၅၀)တပ်သည် သြဂုတ် ၁၆ ရက်ကစ၍ ဂန့်ဂေါမြို့ပေါ်မှ ထွက်လာခဲ့ပြီး သြဂုတ် ၁၉ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

သြဂုတ် ၁၈ ရက်ကလည်း ဂန့်ဂေါနယ် အိမ်သစ်ရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ‌ခြောက်ဦးသေဆုံးကာ လက်နက်ဖြင့်ထွက်ပြေးလာသော ရဲတစ်ဦးကို PDF တို့ ဖမ်းဆီးရမိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ယနေ့(သြဂုတ် ၂၀ ရက်) ညပိုင်းကစ၍ ကုန်တင် ကား၊ခရီးသည်ကား၊ သုံးဘီးနှင့်မည်သည့်ကားများမဆို လုံးဝဖြတ်သန်းသွားလာခြင်းမပြုလုပ် ရန်လည်း အသိပေးသည်။

သတင်း

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအတိအကျအား မသိရှိရသေးကြောင်း သာယာဝတီခရိုင် PDF က အသိပေးသည်။

သတင်း

"ထိုတိုက်ခိုက်မှုတွင် ၎င်းတို့ စီးနင်းလာသော ကားထိခိုက်ပျက်စီးသွားခဲ့ပြီး ဒုရဲအုပ်(၁)ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါသည်"ဟု ဖော်ပြသည်။