Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်သုံးလက်ဖြင့် KNDOအဖွဲ့ထံ အလင်းဝင်

ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်

လက်နက်သုံးလက်ဖြင့် CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးအား KNDOအဖွဲ့ မှ ကြိုဆိုဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင် က ယနေ့(သြဂုတ် ၂၁ ရက်) ထုတ်ပြန်သည်။

CDM တပ်သားနှစ်ဦးသည် ကရင်ပြည်နယ် မြဝတီ-ဝေါ်လေဒေသတလျှောက် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး စအရ (၉၀၄) အင်ဂျင် နီယာတပ်မှ တပ်သား အောင်အောင် နှင့် ခလရ (၂၇၅) ခြေလျင်တပ်မှ တပ်သား အာကာမင်း တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အမ်အေ-၁ (၂) လက်၊ အမ်အေ-၃ (၁) လက်၊ ခဲယမ်းကျည် အမြောက်အများနှင့်အတူ ဇူလိုင်အတွင်း KNDO သို့ ဆက်သွယ် ပူးပေါင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ဓာတ်ပုံ – ပြည်သူ့ပန်းတိုင်

“စစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ်ဆိုကတည်း က စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူနေရတာတွေ၊ အခွင့်အရေးမသာခဲ့တာတွေ၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို မသိတာတွေကြောင့် CDM လုပ်ဖို့ နှောင့်နေးခဲ့ရပါတယ်”ဟု CDM တပ်သားများက ပြောသည်။

ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား နှစ်ဦးအား KNDO မှ နွေးထွေးစွာကြိုဆို ဂုဏ်ပြုခဲ့ခြင်းနှင့်အတူ NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ၎င်းတို့အာဏာကိုယ်ကျိုးအတွက် လက်အောက်ကို အမျိုးမျိုး ချနင်းအသုံးချနေခြင်း၊ မိသားစုများနှင့် အချိန်ကြာမြင့်စွာ ခွဲခွာပြီး ရှေ့တန်းထွက်နေရခြင်းများနှင့် စစ်ဆင်ရေး အနားမရခြင်းများကြောင့် စစ်ကောင်စီတပ်အတွင်း မင်းအောင် လှိုင် နှင့် စစ်ဗိုလ်ချုပ်များအပေါ် မကျေနပ်မှုများ တိုးပွားလာနေကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးသည်။

အလားတူ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်နေသည့် စစ်ကောင်စီတပ်များမှ တပ်သားအများအပြားသည် ရှေ့တန်းနေရာများတဆင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ဝင်ရောက် ခိုလှုံမှုများ ပိုမိုများပြားလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/PeopleGoal သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

ယခင် ပိတ်ထားသည့် မောင်တော - ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။