Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

(ဗိုလ်နဂါးဦးဆောင်သော တပ်ဖွဲ့အားတွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ဗိုလ်နဂါးဦးဆောင်သော တပ်ဖွဲ့အားတွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို အနီးကပ်ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ်၂၁ ရက်)၊နေ့လည် ၁၁နာရီ ၄၈ မိနစ်ခန့်တွင် မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ကားဖြင့် စခန်းရှေ့ထိသွား၍ ဝါးတစ်ပြန်သာသာအကွာလောက်မှ အနီးကပ်ပစ်ခတ်မှုကြောင့်

ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့်ရဲ ငါးဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီနှင့် ပေါက် စသည့်မြို့နယ်များထိ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုကျော်သူရကို သြဂုတ်လ ၁၇ ရက်က မန္တလေး ချမ်းအေးသာစံမြို့နယ်ကနေအိမ်မှာဖမ်းမိတာလို့ စစ်ကောင်စီက ဒီနေ့မှာသတင်းထုတ်လာပါတယ်။

သတင်း

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ခန့် ဖြင့် လာရောက်ပူးပေါင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

သတင်း

ယခင် ပိတ်ထားသည့် မောင်တော - ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။