Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်း

အလားတူ သူကြီးဆိုသူသည် စစ်ကောင်စီတပ်သတင်း ပေးတစ်ဦးအဖြစ်ရပ်တည်ယုံမျှမက စစ်ကောင်စီလက် ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း Soul Takers- Yangon Underground Force က အတည်ပြုသည်။

(ပျူစောထီးအဖွဲ့ဝင် သူကြီးဆိုသူအား တွေ့ရစဥ်)
(ပျူစောထီးအဖွဲ့ဝင် သူကြီးဆိုသူအား တွေ့ရစဥ်)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် စစ်တပ်သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Soul Takers- Yangon Underground Force က ယနေ့(သြဂုတ် ၂၁) အသိပေးထုတ်ပြန်သည်။

သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ပျဥ်ထောင်ကျောင်းရပ်ကွက်၊ ဂေသာရှင်မန်းဥယျာဉ်လမ်း အတွင်းနေထိုင်သော အများအခေါ် သူကြီး ဆိုသူအား ယနေ့ညနေ ၄ နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းရေးလုပ် ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းသည် တော်လှန်ရေးအင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်း၊ ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ထောက်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ သူကြီးဆိုသူသည် စစ်ကောင်စီတပ်သတင်း ပေးတစ်ဦးအဖြစ်ရပ်တည်ယုံမျှမက စစ်ကောင်စီလက် ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း Soul Takers- Yangon Underground Force က အတည်ပြုသည်။

“ဆိုင်ကယ်ကယ်ရီမောင်းရင်း ပြည့်တန်ဆာခေါင်း အဖြစ်လုပ်ကိုင်နေရင်း အကြမ်းဖက်စစ်တပ်၏ အားထားရသော သတင်းပေးအနေဖြင့် လုပ်ဆောင်နေကြောင်း ပြည်သူများက သတင်းပေးသည်ကို ကျနော်တို့မှ သေချာစုံစမ်းစစ်ဆေး၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်”ဟု Soul Takers အဖွဲ့က ဆိုသည်။

အထက်ပါစစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးအား ပစ်ခတ်ရှင်းလေးရေးလုပ်ဆောင်ခဲ့သည့် Soul Takers မှ တော်လှန်ရေးရဲဘော်များ လုံခြုံရာသို့ ရောက်ရှိပြီဖြစ်ပြီး ဆက်လက်၍လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီးဆိုသူများကို ရှင်းလင်းသုတ်သင်သွားမည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ခွေးတွေက ကျွန်တော်တို့ဆီကနေ လုသွားတဲ့ ဆိုင်ကယ်တွေကို ပြန်ပေးနေတယ်။ ရယ်တော့ရယ်ရတယ်" ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

သတင်း

"ထိုတိုက်ခိုက်မှုတွင် ၎င်းတို့ စီးနင်းလာသော ကားထိခိုက်ပျက်စီးသွားခဲ့ပြီး ဒုရဲအုပ်(၁)ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးကာ လေးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါသည်"ဟု ဖော်ပြသည်။

သတင်း

စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ပျူများထဲမှ လေးဦးသေဆုံးနိုင်ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ မဟာမိတ်အဖွဲ့များ ထိခိုက်မှုမရှိကြောင်း PDF South Monywaက အသိပေးသည်။