Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ခန့် ဖြင့် လာရောက်ပူးပေါင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ
ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်မှုတွင် ရဲစခန်းမှူးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Spring သို့ အတည်ပြုသည်။

“​သေသွားတဲ့ စခန်းမှူးက ရဲအုပ်အောင်မျိုး။ ရင်ဘတ်ကျည် သုံးချက် မှန်တာ။နောက်ထပ် ရဲနှစ်ယောက်လည်း အခြေအနေမကောင်းဘူးလို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ခန့် ဖြင့် လာရောက်ပူးပေါင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

“ကားနဲ့ကို စခန်းရှေ့ကနေ တည်ပစ်သွားတာ။ အခု ကြားရာတာတော့ စခ တွေဘက်က စခန်းမှူး ဆိုတဲ့ကောင်ပါသေ သွားတာ”ဟု People’s Spring၏ သီးခြားသတင်းရင်းမြစ်က အတည်ပြုသည်။

Public Service Announcement
Public Service Announcement

ယနေ့(သြဂုတ်၂၁ ရက်)၊နေ့လည် ၁၁ နာရီ ၄၈ မိနစ်ခန့်က ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အနီးကပ်ပစ်ခတ်မှုကြောင့် ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့်ရဲ ငါးဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခုကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ နှင့်ပေါက် စသည့်မြို့နယ်များထိ စစ်ရေးလှုပ်ရှားလျက်ရှိနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ်၂၂ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့ပေါ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ "ကျော်စည်ဟိန်း"ဘီယာဆိုင်အတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

သတင်း

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

အဆိုပါ တငူးဆိုစခန်း နှင့် စစ်ကောင်စီ ကြားစခန်းတစ်ခု အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခြေကုတ်စခန်း (၈)ခု သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။