Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ပြည်နယ်၏ စစ်ရှောင်စခန်းတစ်ခုတွင် အစာအဟာအရ၊ ကျန်းမာရေးဝန်ဆောင်မှုများအပြင် ပျော်ရွှင်မှုများပေးခဲ့ဟု မိုးဗြဲ MPRT အသိပေး

“စစ်ဒဏ်သင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီစောင့်ရှောက်ရန် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု MPRT က ပြောသည်။

ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT
ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT

လူသားချင်းစာနာ‌ထောက်ထားမှုအပြည့်ရှိသော အလှူရှင်တို့၏ကူညီထောက်ပံ့ပေးမှုများဖြင့် စစ် ဘေးရှောင်များစွာရှိနေသည့် ကရင်ပြည်နယ်၏ စစ်ရှောင်စခန်းတစ်ခုတွင် အစာအဟာအရ၊ကျန်း မာရေးဝန်ဆောင်မှုများအပြင် ပျော်ရွှင်မှုများပေးစွမ်းနိုင်ခဲ့ကြောင်း MOBYE PDF Rescue Team-MPRT က ယနေ့(သြဂုတ် ၂၁ ရက်) ထုတ်ပြန်သည်။

MPRTနှင့်အတူ အခြားသောလူမှု‌ထောက်ပံ့ရေးအဖွဲ့၊ရဲဘော်အဖွဲ့အစည်းတို့က ဦးဆောင်ပြီး ကရင်နီပြည်တွင်း စစ်‌ဘေးရှောင်များစွာရှိ‌ရာဒေသကို ကျန်းမာရေး စောင့်ရှောက်မှု၊ စားစရာမုန့် အချိုရည်အချို့တို့နှင့် ကလေးသူငယ်များအားဟာသများ၊သီချင်းများ၊အကသရုပ်ဆောင် စသည့်အမျိုးမျိုးသော ပျော်ရွှင်မှုတို့ကို ပေးစွမ်းခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT
ဓာတ်ပုံ – MOBYE PDF Rescue Team-MPRT

“စစ်ဒဏ်သင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီစောင့်ရှောက်ရန် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု MPRT က ပြောသည်။

စစ်ဒဏ်သင့် ပြည်သူများကိုကူညီ‌ထောက်ပံ့ခြင်းနှင့် ရဲဘော်များ၏ကျန်းမာရေး စောင့်ရှောက်မှုများ‌ဆောင်ရွက်ရာတွင် လိုအပ်ချက်များစွာနှင့် စိန်ခေါ်မှုများစွာရှိ‌နေသောကြောင့် MPRT အနေဖြင့်အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT
ဓာတ်ပုံ – MOBYE PDF Rescue Team-MPRT

စစ်မြေပြင်ကယ်ဆယ်‌ရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်လျက်ရှိပြီး ရဲဘော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ကြိုးစားဆောင်ရွက်နေသည်ဟု ဆိုသည်။

မည်သည့်အခြေနေတွင်မဆို စစ်မြေပြင်ကယ် ဆယ်ရေး နှင့် ရဲဘော်ကျန်းမာရေး စောင့်ရှောက်မှုများကို အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPRT က ကတိပြုသည်။

စစ်တပ်၏ မတရားအာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ်တွင် ကရင်နီပြည်နယ်မှ ပြည်သူနှစ်သိန်းဝန်းကျင်ခန့်မှာ နေရပ်ဒေသမှစွန့်ခွာ၍ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယဉ်များ၊ ယာဉ်မောင်း‌များ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း C&T SHWEBOအဖွဲ့က သတိပေးသည်။

သတင်း

မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

သတင်း

ကိုကျော်သူရကို သြဂုတ်လ ၁၇ ရက်က မန္တလေး ချမ်းအေးသာစံမြို့နယ်ကနေအိမ်မှာဖမ်းမိတာလို့ စစ်ကောင်စီက ဒီနေ့မှာသတင်းထုတ်လာပါတယ်။

သတင်း

လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။