Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေတိဂုံဘုရားနှင့် ကန်တော်ကြီးအနီးတဝိုက်ရှိ စစ်တပ်ပိုင် မြေဧက ၁၈၀ကျော်​ပေါ်တွင်​နွေဦး​တော်လှန်​ရေးအထိမ်းအမှတ်ဥယာဥ် အကောင်အထည်ဖော်မည်ဟုNUGအသိ​ပေး

Spring Memorial Parkသည် မြန်မာနိုင်ငံသားများသည် နွေဦးတော်လှန်ရေးကို ပါဝင်ခဲ့ပုံ သမိုင်းမှတ်တိုင်များကို အစအဆုံးတွေမြင့်စေရမည်ဟုလည်းကတိပြုထားသည်။

(ပုံပါ ဓာတ်ပုံများသည် နိုင်ငံတကာမှ အလားတူ နေရာများကို နမူနာပြသထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ-EOD)
(ပုံပါ ဓာတ်ပုံများသည် နိုင်ငံတကာမှ အလားတူ နေရာများကို နမူနာပြသထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ-EOD)

စစ်​ကောင်စီတပ်မတရားသိမ်းယူထား​သော မြေ၁၈၅ဧကကျယ်ဝန်းသည့် ရွှေတိဂုံဘုရားနှင့်ကန်တော်ကြီး တဝိုက်မြေများကို​နွေဦး​တော်လှန်​ရေး အထိမ်းအမှတ်ဥယာဥ် – Spring Memorial Park အဖြစ်ဖော်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ရန်ကုန်မြို့လယ်တွင်ရှိ​သော ထိုစီမံကိန်းသည် Spring Yangon စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်ပြီး စစ်တပ်နှင့်ဆက်နွယ်နေသည့် ခရိုနီများ မျက်စိကျနေသည့် နေရာများဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

ထိုနေရာတွင် ရွှေတိဂုံနှင့် ကန်တော်ကြီးကို သဘာဝရေမြေ ထိန်းသိမ်းပြီး စိမ်းလန်းမြေအဖြစ် အားကစားဇုံများ၊ပြည်သူ့အခမ်းအနားများ ကျင်းပမည့်နေရာအဖြစ် ဆောင်ရွက်သွားမည်ဟု NUG၏ Spring Yangon စီမံကိန်းဆောင်ရွက်နေသည် EODအဖွဲ့ကဆိုသည်။

Spring Memorial Parkဟုခေါ်သည့် “အနာဂတ်အတွက် အမှန်တရားကိုထုဆစ်ရင်း ကြွေလွင့်သွားသည့် ကြယ်များ၏ ဗိဗ္မာန်ကိုတည်ဆောက်သွားမည်”ဟုအသိ​ပေးထားသည်။

ဖယ်ဒရယ်နိုင်ငံသစ်ဖော်ဆောင်ရင်း ကြွေလွင်ခဲ့​သောသူရဲကောင်းများ၏အမည်နာမများကို ကြယ်ပွင့်တခုစီတွင်ရေးမည့် သူရဲကောင်း မော်ကွန်းနံရံ၊ နွေဦးတော်လှန်ရေးခရီးကြမ်း၏ အဆင့်တိုင်းကို ခင်းကျင်းပြသမည့် “နွေဦးတော်လှန်ရေး ပြတိုက်”၊ မှတ်တမ်းများ၊ တော်လှန်လက်နက်များ၊ အနုပညာလက်ရာများကိုလည်းပြသထားမည်ဟု​ဖော်ပြထားသည်။

Spring Memorial Parkသည် မြန်မာနိုင်ငံသားများသည် နွေဦးတော်လှန်ရေးကို ပါဝင်ခဲ့ပုံ သမိုင်းမှတ်တိုင်များကို အစအဆုံးတွေမြင့်စေရမည်ဟုလည်းကတိပြုထားသည်။

ထိုအပြင်ပါဝင်သင့်များကိုပြသနိုင်ရန်အတွက် ပြည်သူလူထုထံမှလည်း အကြံဉာဏ်များလည်းတောင်းခံသွားမည်ဟုထုတ်ပြန်သည်။

အာဏာရှင်အဆုံးသတ်နိဂုံး (EOD) စီမံကိန်း တတိယ အစီအစဉ် အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်ပြီဖြစ်ကြောင်းNUG၏ ဩဂုတ် ၁၈ ရက်ထုတ်ပြန်ကြေညာခဲ့သည်။

ထိုစီမံကိန်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အချက်အခြာကျသော ဧကထောင်နှင့်ချီသော မြေနေရာများ ပါဝင်မည်ဟုလည်းသိရသည်။ ထိုထဲတွင် စီမံကိန်း အမျိုးအစား ၃ ခု ပါဝင်ပြီး စိမ်းလန်းနယ်မြေနှင့် နွေဦးတော်လှန်ရေး အထိမ်းအမှတ်များ၊ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများနှင့် စီးပွါးရေးဆိုင်ရာ စီမံကိန်းများတို့ဖြစ်သည်။

EOD က အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ အင်လျားလမ်းအိမ်၏အစုရှယ်ယာများကို ​ဒေါ်လာ ၁၀ သန်းဖြင့်​ရောင်းချပြီး​နောက် ၊ဒုတိယ​မြောက်​ခြေလှမ်းအဖြစ် ရန်ကုန်ပြည်လမ်း ၆မိုင်ခွဲရှိ မင်း​အောင်လှိုင်၏ အိမ်ကို ​ဒေါ်လာ ၇ သန်းသတ်မှတ်၍ အစုရှယ်ယာများ​ရောင်းချ​နေရာ ​​ဒေါ်လာ ၁ ဒသမ ၇ သန်းဝန်းကျင်းဖိုး​ရောင်းချပြီးဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို အရပ်သားနေအိမ်များမီးမရှို့ရန် တောင်းဆိုမှု ပြီးပြီးချင်းတွင်ပင် စစ်တပ်က မကွေးတိုင်းရှိ အိမ်ခြေ ၆၀၀ ကျယ်ဝန်းသောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

ယနေ့ (ဩဂုတ် ၁၇ရက်)တွင် ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

သတင်း

ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်ကြေညာသည့်နေ့တွင်ပင် တရားမ၀င် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ထပ်တိုးထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့သည်။