Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ဒီးမော့ဆိုကို တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေ

သြဂုတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြိုနယ်တို့တွင် တာဝေး ပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများထိခိုက်မှုများရှိခဲ့သည်။

သြဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ် တိုက်ပွဲ၌ သိမ်းဆည်းရမိခဲ့သော ခဲယမ်းအချို့
သြဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ် တိုက်ပွဲ၌ သိမ်းဆည်းရမိခဲ့သော ခဲယမ်းအချို့

ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင် ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့တပ်အင်အားဖြည့်တင်းကာ အပြင်းအထန်စစ် ကြောင်း ထိုးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သည်။

ကရင်နီပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အကြမ်းဖက် စစ်ကောင်စီတပ်များကို ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်တို့တွင် အား သွန်ခွန်စိုက် တိုက်ခိုက် လျက်ရှိပြီး အထက်ပါမြို့နယ်များတွင် စစ်ကောင်စီ တပ်ဖက်မှ နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဆိုသည်။

သြဂုတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြိုနယ်တို့တွင် တာဝေး ပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများထိခိုက်မှုများရှိခဲ့သည်။

“လက်ရှိစစ်ရေးအနေအထားမှာ စကစက ဒီးမော့ဆိုကို အပြည့်အဝပြန်ပြီး ထိန်းချုပ်နိုင်ဖို့ အင်နဲ့အားနဲ့ကို လာနေတယ်။မနေ့က(သြဂုတ် ၂၁ ရက်) ညပိုင်းမှာလည်း ဒီးမော့ဆို မှာ တိုက်ပွဲ ငယ်တစ်ခုဖြစ်ခဲ့သေးတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ် တိုက်ပွဲ၌ သိမ်းဆည်းရမိခဲ့သော ခဲယမ်းအချို့
သြဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ် တိုက်ပွဲ၌ သိမ်းဆည်းရမိခဲ့သော ခဲယမ်းအချို့

ရှားတော

ရှားတောမြို့နယ်အတွင်း သြဂုတ် ၁၅ ရက်တွင် ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား ကရင်နီ တပ်မတော် (KA) နှင့် KNDF -B02 ၊ B12 ၊ B14 တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

သြဂုတ် ၂ဝ ရက်တွင် ရှားတောမြို့နယ် ရှမ်း – ကယားနယ်စပ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ တငူးဆိုးတပ်စခန်းအား ကရင်နီတပ်မတော် (KA)၊ KNDF B14 ၊ B17 တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄င်းတို့တပ်စခန်းအားစွန့်ခွာသွားသဖြင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ တငူးဆိုး တပ်စခန်းအား သိမ်းပိုက်ရရှိခဲ့သည်။

ဖရူဆို

ဖရူဆိုမြို့နယ်တွင်လည်း သြဂုတ် ၁၅ရက်နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများကို ဦးတည်ပြီး ပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီ၏ ဖရူဆိုမြို့အခြေစိုက် ခမရ (၄၂၈)နှင့် (၅၃၁) တပ်ရင်းတို့အား ကရင်နီတပ် မတော် (KA) နှင့် KNDF B04 တို့မှ လက်နက် ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက်မှု များရှိခဲ့သည်။

ဒီးမော့ဆို

ဒီးမော့ဆိုမြို့နယ်အတွင်း သြဂုတ် ၁၅ရက်က ရူဖယ်ခူရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်း အတွင်း ဝင်ရောက်တပ်စွဲနေသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် နယ်မြေလုံခြုံရေးယူနေသာ KNDF – B19 တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အလာတူ ဒီးမော့ဆိုမြို့မစျေးနှင့် အနီးဝိုက်တွင် စစ်ကောင်စီတပ်များနှင့် KNDF B19 ၊ DMO PDF နှင့် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၇ ရက်ညနေပိုင်းတွင် ဒီးမော့ဆိုမြို့ သေးဆူလဲ ကျေးရွာထဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် KNDF B05 တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ တပ်မှ ဒီးမော့ဆိုမြို့ရှိ ခြေတော်ရာဘုရားဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် စေတီတစ်ဆူ ပျက်စီးခဲ့သည်။

သြဂုတ် ၂၀ ရက် နံနက်ပိုင်းကစ၍ ဖရူဆိုမြို့ နယ် ကဒါးလားကျေးရွာဘက်နှင့် ဒီးမော့ဆိုမြို့ဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF -B19 မှ ခြေတော်ရာဘုရားတောင် အနီးတွင် ခုခံတိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားခဲ့သည်။

ထို့အတူ ဖရူဆိုမြို့မှ ထီးကလူဒေါကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်များကို ကရင်နီ တပ်မတော် (KA) နှင့် KNDF B15 မှ အလှစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှအထိနာပြီး ဆုတ်ခွာခဲ့ သဖြင့် ခဲယမ်းအချို့နှင့် ဆက်သွယ်ရေးပစ္စည်းအချို့ကို KNDF မှ သိမ်းဆည်းရမိခဲ့သည်။

ထို​နေ့ညနေပိုင်းတွင် ဖရူဆိုမြို့ဘက် မှ ဒီးမော့ဆိုဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကဒါးလားနှင့် ငွေတောင်ရွာသစ်ကျေးရွာ အကြား ရှိ တောင်ပေါ်တွင် KNDF B15 နှင့် B10 တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ မှ အထိနာသဖြင့် ဒီးမော့ဆိုမြို့ဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လွိုင်ကော်

လွိုင်ကော်မြို့နယ်တွင်လည်း သြဂုတ် ၂၀ရက်တွင် ဒေါတချ ရေတံခါးအနီးတွင် တပ်စွဲနေသော စစ်ကောင်စီတပ် များကို KNDF B14 ၊ B02 နှင့် ကရင်နီတပ်မတော် (KA)တို့မှ အလှစ်ငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦး သေဆုံးခဲ့သည်။

ယခုလ တတိယပတ်တိုက်ပွဲများအနက် သြဂုတ် ၂၀ရက်က ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ကို ခုခံတိုက်ခိုက်ရင်း KNDF B19 မှရဲဘော်တစ်ဦး ရဲရင့်စွာကျဆုံးခဲ့ရသည်။

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အသက် ပေးသွား KNDF -B19 မှရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ်သမိုင်းမှတ်တမ်းတင် အလေး ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုရက်ပိုင်းတွင် ကလေးမြို့လေဆိပ်မှ ခရီးသည်နှင့် ကုန်တင်လေယာဥ် တစ်နေ့ ငါးစီးခန့် နေ့စဥ်ထွက်ခွာနေပြီး ကျောက်စိမ်းသယ်နေခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Forceနှင့် ငါးထောင့်ကြယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးရုံမက ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသခံပြည်သူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ယမန်နေ့ (သြဂုတ် ၂၁ ရက်) နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ဇီးဖြူပင်ကြိုးတံတားအနီးသို့ အင်အား (၂၇)ဦးခန့်ဖြင့် ခြေကျင်တက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်သိမ်းအဖွဲ့နှင့် နတ်ဆိုးပြောက်ကျားတပ်တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။