Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်တာဝန်ယူပြီး တိကျပြတ်သွားစွာအရေးယူ ဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့အစည်း ၈၀၀ကျော် တောင်းဆို

စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီးလည်းဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ်နှင့် အထူးကိုယ်စားလှယ်တို့ တွေ့ရစဉ်၊ ဓာတ်ပုံ - UN
ကုလအတွင်းရေးမှူးချုပ်နှင့် အထူးကိုယ်စားလှယ်တို့ တွေ့ရစဉ်၊ ဓာတ်ပုံ - UN

▪️ရလဒ်ထွက်ပေါ်မည်မဟုတ်သည့် ကုလအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ရုတ်သိမ်းရန်တိုက်တွန်း

မြန်မာ့အရေးဖြေရှင်းရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်တာဝန်ယူပြီး တိကျပြတ် သားသည့်အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့အစည်း ၈၆၄ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် စစ်ရာဇဝတ် ကောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုကို အထက်ပါ ပြည်တွင်းနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်ပြီး ကုလအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရုတ်သိမ်းက တောင်းဆိုသည်။

“ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးအပေါ် ဖြေရှင်းတဲ့ သမားရိုးကျ ချဉ်းကပ်ပုံကို အဆုံးသတ်ရပါ မယ်။ ရှည်လျားလှတဲ့ သမိုင်းအစဉ်အလာအရ ကုလအထူးကိုယ်စားလှယ်တွေကတဆင့် မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေဟာ အဓိပ္ပါယ်ရှိတဲ့ရလဒ်တွေအဖြစ် ဘယ်တုန်းကမှ ဖြစ်ပေါ်မလာဘဲ နိုင်ငံတကာရာဇဝတ်မှုတွေ ချိုးဖောက် ကျူးလွန်နေသူတွေကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းတွေကို ပိုမိုဆိုးရွားစေပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီးလည်းဖြစ်သည်။

ထို့အတွက် လာမည့် စက်တင်ဘာတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရပ်တန့်ရန်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုသည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ UNGA အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးကို အဓိကထားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ထင်ဟပ်သည့် တိကျခိုင်မာသော အရေးယူဆောင်ရွက်မှုများ စီစဉ် လုပ်ဆောင်ရမည်ဟု ၎င်းတို့က တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် ထပ်တလဲလဲ ပျက် ကွက်နေပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်သည်လည်း အားလုံးသ တိပေးနေသည့်ကြားမှပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း Progressive Voice က ဖော်ပြသည်။

သတင်း

အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို အရပ်သားနေအိမ်များမီးမရှို့ရန် တောင်းဆိုမှု ပြီးပြီးချင်းတွင်ပင် စစ်တပ်က မကွေးတိုင်းရှိ အိမ်ခြေ ၆၀၀ ကျယ်ဝန်းသောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

“လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရေးကို ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ သူမ အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ ကျွန်မတောင်းဆိုပါတယ်” ဟု နိုလင်းဟေဇာ က ထုတ်ပြန်သည်။

သတင်း

ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်ကြေညာသည့်နေ့တွင်ပင် တရားမ၀င် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ထပ်တိုးထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့သည်။