Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွန်မန်ဒိုနှင့် စနိုက်ပါသမားများဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ဟု NUG ပြည်ထဲရေးဝန်ကြီး ဌာနဖွဲ့စည်း

“ပထမဆုံး အထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင် အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုဘဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်”ဟု ဆိုသည်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

SOF များကို မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများတွင် တာဝန်ပေးမည်ဟုဆို

NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အထူးကွန်မန်ဒိုနှင့် အထူးစနိုက်ပါသမားများဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ဖွဲ့စည်းထားပြီး ယင်းအဖွဲ့သည် ဝန်ကြီးဌာန၏ လက်ရင်းတပ်အဖြစ်ရပ်တည်လျှက်ရှိကြောင်း ယနေ့(သြဂုတ် ၂၂) အသိပေး ထုတ်ပြန်လိုက်သည်။

တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ဂျူလိုင် ၁၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တပ်ဖွဲ့ကို တပ်မဟာ (၆)၊ တပ်ရင်း(၁၈)နယ်မြေ၌ လေ့ကျင့်သင်ကြားထားသောအထူးကွန်မန်ဒိုနှင့် အထူးစနိုက်ပါသမား ၄၄ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ပထမဆုံး အထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင် အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုဘဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်”ဟု ဆိုသည်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

လေ့ကျင့်သင်ကြားပြီးသော တပ်ဖွဲ့ဝင်များကို တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင် ရေးလုပ်ငန်းများအား တာဝန်ပေးထားပြီး ကျေးလက် စစ်ဆင်ရေးအနေဖြင့် တနသ်ာရီနှင့် ကရင်ပြည်နယ်တပ်မဟာအသီးရှိ ရှိရင်းစွဲစစ်ကြောင်းများသို့ ပူးပေါင်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပေးဆောင်ရွက်လျှက်ရှိသည်ဟု အသိပေးသည်။

မြို့ပြစစ်ဆင်ရေးလုပ်ငန်းများကို တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနှင့် တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံ၏ ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှူများဖြင့် မစ်ရှင်များကိုဆောင်ရွက်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

အလားတူ ကျေးလက်စစ်ဆင်ရေးများကို တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ သက် ဆိုင်ရာစစ်ကြောင်းမှူးများ၏ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထောက်ပို့ကိစ္စများအား တောင်ပိုင်းထောက်/ပို့တာဝန်ရှိသူများနည်းတူ S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးသည်ဟု ထုတ်ပြန် သည်။

SPECIAL OPERATION FORCE (S.O.F) သည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ တိုက်ရိုက်ညွှန်ကြားချက်များအတိုင်း၊ တပ်ဖွဲ့ရုံး တပ်မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း ကျရာတာဝန်များကို ကြိုးစားအကောင်အထည်ဖော်လျှက်ရှိကာ တပ်ဖွဲ့နှင့်သက်ဆိုင်သည့် သတင်းနှင့်အချက်အလက်များအား ထပ်မံဖော်ပြပေးသွားမည်ဟု ဝန်ကြီးဌာနက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တောင်ကိုရီးယားရောက်မြန်မာများစုပေါင်းထည့်ဝင်ငွေဖြင့် NUG ကို လစဉ် ဒေါ်လာတစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ရာ ယခုလသည် ဒဿမအကြိမ်မြောက်ဖြစ်ပြီး အညာဒေသရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် PDF (၁၈)ဖွဲ့ကိုလည်း ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

Spring Memorial Parkသည် မြန်မာနိုင်ငံသားများသည် နွေဦးတော်လှန်ရေးကို ပါဝင်ခဲ့ပုံ သမိုင်းမှတ်တိုင်များကို အစအဆုံးတွေမြင့်စေရမည်ဟုလည်းကတိပြုထားသည်။

သတင်း

အဆိုပါ ထုတ်ပယ်ခံရသည့် ထွေအုပ်အရာတမ်းများစာရင်းတွင် လက်ထောက်ညွှန်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဆင့်တာဝန်ထမ်းဆောင်နေသူများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို အရပ်သားနေအိမ်များမီးမရှို့ရန် တောင်းဆိုမှု ပြီးပြီးချင်းတွင်ပင် စစ်တပ်က မကွေးတိုင်းရှိ အိမ်ခြေ ၆၀၀ ကျယ်ဝန်းသောရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။