Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDFမှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ် ၏ စျာပန ပြုလုပ်

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - KNDF- B19
ဓာတ်ပုံ - KNDF- B19

ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) – B19 မှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ်၏ စျာပနအခမ်းအနားကို ယနေ့ (သြဂုတ် ၂၂) ပြုလုပ်ခဲ့သည်။

ရဲဘော်ဒေးဗစ်သည် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီးတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

ဖယ်ဒရယ်ဒီမိုကရေစီအ​ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သော ရဲဘော်ဒေးဗစ် အား အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ကြောင်းလည်း KNDF -B19 က ထုတ်ပြန်ခဲ့သည်။

” ဒီမြင်ကွင်းကို ပြန်တွေးတိုင်းရင်ထဲဆို့နေတာပဲ။ နောက်ဆုံးခရီးမှာ မမြင်ရက်စရာဒဏ်ရာတွေကို မမြင်သာအောင် လုပ်ပေးတာကလွဲရင် ငါတို့တွေ တခြားမတတ်နိုင်ခဲ့ပါဘူး ရဲဘော်ရေ။ အေးအေးချမ်းချမ်း အနားယူပါ “ဟု ရဲဘော်တစ်ဦးက ကျဆုံးသူရဲကောင်း ဒေးဗစ်အတွက် ရေးသားဖော်ပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။

သတင်း

သြဂုတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြိုနယ်တို့တွင် တာဝေး ပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများထိခိုက်မှုများရှိခဲ့သည်။