Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘန့်ဘွေးကုန်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် သေဆုံးဟု ကသာပကဖထုတ်ပြန်

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

(ကသာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကသာပကဖ)
(ကသာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကသာပကဖ)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးခဲ့ကြောင်း မြေပြင်ပြည်သူများနှင့်ရှေ့တန်းရဲဘော်များက သတင်းပေးပို့လာ သည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်သည်။

ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌တပ်စွဲထားသည့်အင်အား၇၀ ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေတပ်မတော်(KIA)တပ်ရင်း(၁၂)လက်အောက်ခံကချင်ဒေသ PDF နှင့် ကသာ ပကဖ၊တိုက်နယ်နှင့်ရပ်ကျေးပကဖများ ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီး ပစ်ကူ၊ လေးကြာင်း ပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသည့်စစ်ကောင်စီတပ်မှအလောင်းများကို ဘန့်ဘွေးကုန်းဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့် ထပ်တင်၍ လာရောက်သယ်ယူသွားကြောင်း ကသာ ပကဖက ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

သတင်း

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။