Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေ​ကြောင်းမှ​ရောက်လာ​သောစစ်​ကောင်စီတပ်အားPRAတိုက်ခိုက် ၁ ဦး​သေ၊ ၂ ဦးဒဏ်ရာရ

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

(PRA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PRA)
(PRA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PRA)

ပုလဲ နှင့် မြိုင်ဒေသအစပ်သို့ စစ်​လေယာဥ်များဖြင့်အင်အားဖြည့်တင်နေသော စစ်ကောင်စီတပ်အားလက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် -PRA က ယနေ့(သြဂုတ် ၂၂ ရက်)တွင်ထုတ်ပြန်သည်။

သြဂုတ်လ ၂၀ ရက်မှစ၍ PRA၏လှုပ်ရှားနယ်မြေဖြစ်​သောစစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှင့် မကွေးတိုင်းမြိုင်မြို့နယ်အစပ်သို့စစ်ကောင်စီကလေယာဉ် (၄)စီးဖြင့်အင်အား ၁၀၀ ကျော်ချ၍ စစ်ကြောင်း ထိုးခဲ့သည်ဟု PRA ​ခေါင်း​ဆောင်ဗိုလ်ဂျပန်က​ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့(သြဂုတ် ၂၁ ရက်) နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဥ်ပေါ်မှ ဆင်းလာသောစစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

ပုလဲမြို့ နှင့် မြိုင်မြို့ နယ်အစပ်များမှကျေးရွာ၈ရွာထက်မနည်း စစ်ဘေးရှောင်နေရပြီး လူဦးရေ (၄,၀၀၀) ခန့် ကို ဆေး နှင့် စားစရာများ တတ်နိုင်သလောက် ကူညီပေးနေသည်ဟုလည်း PRA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။