Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဒေသခံများက လက်ဝတ်လက်စားများ လှူဒါန်းခဲ့ဖူးသည်။

အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ
အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဒေသခံအမျိုးသမီး သုံးဦးက တော်လှန်ရေးအတွက်သုံးစွဲရန် ဝတ်ဆင်ထားသည့်နားကပ်အား ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့ထံ ချွတ်လှူခဲ့ကြောင်း Ayadaw Bone Naing PDF အဖွဲ့က ယနေ့(သြဂုတ် ၂၂ရက်) ထုတ်ပြန်သည်။

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာနေပြည်သူများမှာ အထုပ်အပိုးအသင့်ပြင်ကာ နေထိုင်နေရချိန်ဖြစ်ကြောင်း၊ လုပ်ငန်းများလည်းရပ်နားထားရပြီး စားဝတ်နေရေးခက်ခဲနေချိန် ယခုကဲ့သို့လှူဒါန်းမှုမှာ လေးစားဖွယ်ကောင်းကြောင်း Ayadaw Bone Naing PDF အဖွဲ့က အသိပေးသည်။

အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ
အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ

“တကယ်ကိုလေးစားမိပါတယ်။ ကျွန်တော်တို့ အရာတော်ဘက် ရွာတွေက ပြည်သူအများစုဟာလဲ ကျေးရွာတွေမီးရှို့ခံရ၊ စစ်ကြောင်းဘယ်အချိန်ထိုးမလဲဆိုပြီး အထုပ်အပိုးအသင့်နဲ့ နေကြရတာပါ။ဘာစီးပွားရေးမှ မယ်မယ်ရရ စိတ်အေးလက်အေးမလုပ်နိုင်ကြတဲ့အချိန်မှာ ဝင်ငွေမရှိကြပါဘူး။စားဝတ်နေရေး ခက်ခဲနေချိန်မှာတောင် ခုလို နားက နားကပ်လေးဖြုတ်လှူတယ်ဆိုတာ တကယ်ကို တော်လှန်စိတ်၊ အောင်မြင်စိတ်၊ စစ်အာဏာရှင်စနစ်ကို မုန်းတီးတဲ့စိတ်နဲ့ပါ။ အညာဒေသ ပြည်သူများအတွက် ရွှေဆိုတာ ရှိ တန်ဆာ၊ မရှိ ဝမ်းစာဆိုပြီး ဆောင်ထားကြသူတွေပါ။ခုချိန် ဝမ်းစာအတွက်ပါ မတွေးဘဲ တော်လှန်ရေးအတွက် လှူဒါန်းပါသော ပြည်သူ(၃)ဦးရဲ့ လှူဒါန်းမှုများနဲ့ ထိုက်တန်အောင် ကြိုးစားတိုက်ခိုက်တော်လှန်သွားပါမယ်။”ဟုAyadaw Bone Naing PDF အဖွဲ့က ကတိပြုပြောကြားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဒေသခံများက လက်ဝတ်လက်စားများ လှူဒါန်းခဲ့ဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး အရေအတွက် အတည်ပြုရန် ခက်ခဲကြောင်း ဖော်ပြသည်။ တိုက်ပွဲတွင် KPDF ရဲဘော် လေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါသင်တန်းဆင်းပွဲကို သြဂုတ် ၂၁ရက် နေ့ လယ် ၂ နာရီတွင် ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲသို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

တောင်ကိုရီးယားရောက်မြန်မာများစုပေါင်းထည့်ဝင်ငွေဖြင့် NUG ကို လစဉ် ဒေါ်လာတစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ရာ ယခုလသည် ဒဿမအကြိမ်မြောက်ဖြစ်ပြီး အညာဒေသရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် PDF (၁၈)ဖွဲ့ကိုလည်း ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယဉ်များ၊ ယာဉ်မောင်း‌များ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း C&T SHWEBOအဖွဲ့က သတိပေးသည်။