Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့အနီးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ကော်ဘရာစစ်သည် တစ်ဦးကျဆုံး

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ရှေ့တန်းတွင် တွေ့ရသော ကော်ဘရာစစ်သည်တော်များ၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ရှေ့တန်းတွင် တွေ့ရသော ကော်ဘရာစစ်သည်တော်များ၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း၊ သုံးထပ်ကွေ့အနီးတွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဒဏ်ရာရသူများပြားကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များသည် မြဝတီ – ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ဩဂုတ် ၂၂ရက် နံနက် ၉နာရီခွဲမှစ၍ ထိုးစစ်ဆင်လာ၍ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအမြောက်အများသုံး၍ စစ်မျက်နှာများစွာ ဖွင့်လှစ်၍ ထိုးစစ်ဆင်နွဲခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါဒေသတွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂လနီးပါးကြာပြီဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

သတင်း

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။