Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင် စပါးရိတ်စက်သွားယူသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

သြဂုတ် ၂၁ရက် ည ၇ နာရီခန့်က ချောင်းဦးမြို့ မုံရွာ – မန္တလေးလမ်း ရွှေသိမ်တော်တံတားပေါ်တွင် စစ်ကောင်စီတပ်က လူငယ် အမျိုးသား ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ချောင်းဦးမြို့
ချောင်းဦးမြို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စပါးရိတ်စက်သွားယူသည့် လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၂၁ရက် ည ၇ နာရီခန့်က ချောင်းဦးမြို့ မုံရွာ – မန္တလေးလမ်း ရွှေသိမ်တော်တံတားပေါ်တွင် စစ်ကောင်စီတပ်က လူငယ် အမျိုးသား ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ ချောင်းဦးမြို့နယ် တပယ်အင်းကျေးရွာမှဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့စက်သွားရောက်ယူဆောင်ရင်း ချောင်းဦးမြို့ရှိ ဆွေမျိုးတစ်ဦးအိမ်သို့ ခေတ္တဝင်ရောက်ခဲ့ကြောင်း၊ ချောင်းဦးမြို့ ရွှေသိမ်တော်တံတားအရောက်တွင် စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ဖော်ပြသည်။

အဆိုပါလူငယ်၏ အလောင်းကို စစ်ကောင်စီတပ်က ချောင်းဦးဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တပယ်အင်းကျေးရွာသည် ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်တွင် တည်ရှိပြီး ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ အိမ်ခြေ ၆၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

အခင်းဖြစ်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ် ၊ယာဉ်ပျံရပ် လမ်း ၃၀ ၊ ၅၇ လမ်းပေါ်မှာရှိတာဖြစ်ပြီး သေဆုံးသွားသူ တွေ ဟာ အမျိုးသားနဲ့အမျိုးသမီး တို့ဖြစ်ပါတယ်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

သတင်း

ယမန့်​နေ့ မနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး​နောက် ရန်ကြီးအောင်ရွာကို ပြန်လည်ဆုတ်ခွာသွားသည်။