Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖောင်းပြင်၌ စစ်ရေးတင်းမာနေ၊ ဒေသခံများ လုံခြုံရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေး

“ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်”ဟု ပြောသည်။

ဖောင်းပြင်မြို့နယ်
ဖောင်းပြင်မြို့နယ်

သင်တန်းဆင်းပျုစောထီးအများအပြား မိုင်းထိသေဆုံးပြီးနောက် စစ်ကောင်စီက ဖောင်းပြင်မြို့ကို ပိတ်ဆို့တိုက်ခိုက်နေ၍ ဒေသခံများ လုံခြုံရေးသတိရှိကြရန် ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဖောင်းပြင်မြို့နယ်၊သငါကျေးရွာကို ယမန်နေ့(သြဂုတ်လ ၂၂ရက်) ညနေမှစ၍ လက်နက်ကြီးဖြင့် ပစ်ကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်”ဟု ပြောသည်။

သြဂုတ် ၁၉ရက်က ဖောင်းပြင်မြို့ သညစ်ကျေးရွာအုပ်စုအတွင်း ပျူများတပ်စွဲထားစဥ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီသင်တန်းဆင်း ပျူ ၂၀ကျော် သေဆုံးခဲ့သည်။ ထိုအတွက်ကြောင့် စစ်ကောင်စီက ဖောင်းပြင်နယ်ကို အင်အားတိုးချပြီး အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“သူလျှိုဒလန်လုပ်သူတို့က သငါကျေးရွာ အုပ်စု ပကဖအဖွဲ့ဝင်နှင့် PDF များ၏ နေအိမ်များကိုမီးရှို့ရန်ကိုယ်တိုင်ကိုယ်ကျလိုက်လံပြသနေသည်”ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် စစ်ရေးတင်းမာနေ၍ ဒေသခံများ လုံခြုံရေးသတိရှိကြရန်လည်း တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

သတင်း

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။