Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်လာဟု ဒေသခံပြော

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

(သြဂုတ် ၈ရက်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - KNU)
(သြဂုတ် ၈ရက်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဩဂုတ် ၂၃ရက်) နံနက် ၈နာရီခွဲတွင် စစ်ရဟတ်ယာဉ်ဖြင့် နာရီဝက်ကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရမှု အခြေအနေများကိုမူ မသိရသေးပေ။

ကျောက်ကြီးမြို့နယ်တွင် KNU လက်အောက်ခံတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူလူထု အများအပြားရှိသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၈ရက် နံနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်သို့ ရဟတ်ယာဉ် ၂စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ၌ အထိနာပါက ရဟတ်ယာဉ် တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ရှိမရှိကို မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်"ဟု ပြောသည်။

သတင်း

သြဂုတ် ၂၁ရက် ည ၇ နာရီခန့်က ချောင်းဦးမြို့ မုံရွာ - မန္တလေးလမ်း ရွှေသိမ်တော်တံတားပေါ်တွင် စစ်ကောင်စီတပ်က လူငယ် အမျိုးသား ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယမန့်​နေ့ မနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး​နောက် ရန်ကြီးအောင်ရွာကို ပြန်လည်ဆုတ်ခွာသွားသည်။