Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်ရှိ မီးရှို့ခံရသည့်ကျေးရွာများအား စစ်ကိုင်းတိုင်း PDFများ သွားရောက်လှူဒါန်း

သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။

(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ - CDSOM)
(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ - CDSOM)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာများကို စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များက ဆန်အပါအဝင် ရိက္ခာများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ထုတ်ပြန်သည်။

သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။

(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ - CDSOM)
(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ – CDSOM)

ထိုသို့ မီးရှို့ခံရသည့် အိုးအိမ်မဲ့ပြည်သူများအတွက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ – CRF Myinmu နှင့် အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2Wတို့က ဆန်အိတ် ၃၀၊ ဆီ တစ်ပုံး၊ ဆား တစ်အိတ်၊ ဟင်းသီးဟင်းရွက်၊ ​ခေါင်းအုံးနှင့် ​စောင်များအား Silver Lining Programme အစီအစဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း CDSOM အဖွဲ့က ယမန်နေ့ (သြဂုတ် ၂၂ ရက်) အသိပေးသည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ PDFအဖွဲ့များသည် မြောင် CDSOM အဖွဲ့ အပါအဝင် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်အား ခုခံတော်လှန်လျက်ရှိသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရမှုတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှာ အမြင့်ဆုံးတွင်ရှိနေပြီး ဒေသတွင်း PDFအဖွဲ့များက ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်"ဟု ပြောသည်။

သတင်း

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။