Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်ရှိ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀ ပြာကျ

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ပေါင်း ၃၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၂ရက်) ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်သည် ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်စပ်ရှိ ညောင်ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၃ရက်) နံနက်၅နာရီခွဲခန့်တွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ်သည် ညောင်ကုန်းရွာမှ အနောက်မြောက်ဘက်သို့ ထွက်ခွာသွားပြီး လက္ခုပင်ရွာအရှေ့ဘက်ခြမ်းရှိ တောတိုက်ဘက်၌ ရောက်ရှိနေကြောင်း၊ ကောလင်းနှင့် ကျွန်းလှမြို့နယ်စပ် ကျေးရွာများ သတိထားသွားလာကြရန် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတိပေးသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ပင့်သာရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၈လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ULA/AAက မောင်တောမြို့နယ် ပြည်သူများသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့ရာ စစ်ရေးအခြေအနေကို ထည့်သွင်းအသိပေးခဲ့သည်။

သတင်း

ကန်ဒေါ်လာ ၇သန်းသတ်မှတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဒုတိယမြောက်နေအိမ်ဖြစ်သည့် Inya View (၆) မိုင်ခွဲ စီမံကိန်းကို ဒေါ်လာ ၇သန်းဖြင့် ဩဂုတ် ၅ ရက်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

သတင်း

ယင်း တိုက်ပွဲကို တောင်ပိုင်းသူရဲကောင်းများအင်အားစု(SWDF) ၊ဘက်မလိုက်ပျောက်ကြားဖွဲ့နှင့် နယ်မြေခံကာကွယ်ရေးဖွဲ့တို့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။