Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်ရှိတော်လှန်ရေးခေါင်းဆောင်တစ်ဦး၏သား တပ်ကြပ်ကြီး CDM ပြုလုပ်၊ ဒေသခံများ ဂုဏ်ပြုကြိုဆို

ရင်ပေါင်တိုင်ရွာအနီးရှိ ၎င်းတို့စခန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယမ်းနှင့် အခြားအသုံးအဆောင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့ကြောင်း ရိုးမရာဇာအဖွဲ့က ပြောသည်။

(CDM တပ်ကြပ်ကြီးအား ခေါ်ဆောင်လာပြီးကျေးရွာအရောက်တွင် ကြိုဆိုနေကြစဥ်။ ။ဓါတ်ပုံ-ရိုးမရာဇာ)
(CDM တပ်ကြပ်ကြီးအား ခေါ်ဆောင်လာပြီးကျေးရွာအရောက်တွင် ကြိုဆိုနေကြစဥ်။ ။ဓါတ်ပုံ-ရိုးမရာဇာ)

●ဒေသတွင်း PDFအဖွဲ့တွင် ပါဝင်မည်ဟု​ပြော

​ဒေသတွင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦး၏သားကစစ်​ကောင်စီကိုအာဏာဖီဆန်ပြီး ပြည်သူနှင့်ပူး​ပေါင်း၍ CDM ပြုလုပ်လာသည့် ပုလဲနယ်သား တပ်ကြပ်ကြီးအားပုလဲမြို့နယ်တပ်ရင်းက ရှမ်းပြည်နယ်အထိ သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်သူ့ရင်ခွင်သို့ ခိုလှုံကာ CDM လုပ်ဝင်ရောက်လာသော တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းအမှတ်(၅၁၁)မှ ကွန်ပြူတာဒီပလိုမာ တပ်ကြပ်ကြီး စိုးခိုင်လင်းအား ဂုဏ်ပြုကြိုဆိုပွဲဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း ပုလဲမြို့နယ်တပ်ရင်းအမှတ်(၉)၊ ရိုးမရာဇာတပ်ရင်းက သြဂုတ်လ၂၁ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ရိုးမရာဇာအဖွဲ့ခေါင်းဆောင်ကိုလဂွန်းအိမ်က “သူ့မိသားစုနဲ့ အတူတူနေခိုင်းထားတယ်။ သူကတိုက်ပွဲထဲမှာပါမှာဆိုတော့ လောလောဆယ်တော့တိုက်ပွဲထဲကိုမခေါ်သေးဘူး။သူ့အဖေကလည်းတော်လှန်ရေးခေါင်းဆောင်ပဲ။ အိမ်မှာပဲ ထားပေးထားတယ်။”ဟု ပြောကြားသည်။

CDM ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အခြားအဖွဲ့များက ငွေကြေးချီးမြှင့်မှုများရှိသော်လည်း ၎င်းတို့အဖွဲ့မှာ ငွေကြေးအင်အားမတောင့်တင်း၍ ချီးမြှင့်နိုင်ခြင်းမရှိကြောင်း၊ သို့သော် ထိုတပ်ကြပ်ကြီးမှာ ငွေကြေးချီးမြှင့်မှုများအား ထည့်သွင်းစဥ်းစားမှုမရှိဘဲ CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း ရိုးမရာဇာအဖွဲ့ခေါင်းဆောင် ကိုလဂွန်းအိမ်က ပြောကြားသည်။

“သူ့ကိုခေါ်လာနိုင်တဲ့အတွက်ကို သူ့အဖေက ကျွန်တော်တို့ အပင်ပန်းခံတဲ့သူတွေအတွက်ကိုတောင်ဂုဏ်ပြုပေးပါတယ်။ သူတို့ကိုက ဝမ်းပန်းတသာနဲ့ပါ။ သူ့တပ်ရင်းက အဝေးကြီးမှာဆိုတော့ လွတ်အောင်ထွက်လာဖို့ကို မလွယ်ဘူးလေ။ ရှမ်းပြည်မြောက်ပိုင်းကနေ မြန်မာပြည်အနောက်ဘက်ကျတဲ့နေရာအထိ ခေါ်လာခဲ့ရတာကိုး။”ဟု ကိုလဂွန်းအိမ်က ပြောသည်။

ရိုးမရာဇာတပ်ရင်းသည် သြဂုတ်လ၁၁ရက်နေ့က ဖြစ်ပွားခဲ့သည့် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတိုက်ပွဲတွင် ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပြီး မူကြိုကလေးအယောက်ငါးဆယ်ခန့်ကိုလည်း ကယ်ထုတ်ပေးခဲ့သည်။

ရင်ပေါင်တိုင်ရွာအနီးရှိ ၎င်းတို့စခန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယမ်းနှင့် အခြားအသုံးအဆောင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့ကြောင်း ရိုးမရာဇာအဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

သတင်း

"ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်"ဟု ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးရုံမက ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသခံပြည်သူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။