Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး

ကန်ဒေါ်လာ ၇သန်းသတ်မှတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဒုတိယမြောက်နေအိမ်ဖြစ်သည့် Inya View (၆) မိုင်ခွဲ စီမံကိန်းကို ဒေါ်လာ ၇သန်းဖြင့် ဩဂုတ် ၅ ရက်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး

ရန်ကုန်မြို့ အင်းယားကန်ပေါင် (၆)မိုင်ခွဲရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေအိမ်ကို ရှယ်ယာစနစ်ဖြင့် ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၂သန်းဖိုးရှယ်ယာရောင်းချထားပြီးဖြစ်ကြောင်း NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ယနေ့ထုတ်ပြန်သည်။

ကန်ဒေါ်လာ ၇သန်းသတ်မှတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဒုတိယမြောက်နေအိမ်ဖြစ်သည့် Inya View (၆) မိုင်ခွဲ စီမံကိန်းကို ဒေါ်လာ ၇သန်းဖြင့် ဩဂုတ် ၅ ရက်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး

“၂ ပတ်စွန်းစွန်းမှာတင် ဒေါ်လာ ၂သန်းဖိုးရောင်းရတယ်ဆိုတာ တွေးကြည့်ရင် အားရှိစရာကြီးပါ။ EOD Share တွေဝယ်ကြတယ်ဆိုတာ ဂုဏ်သိက္ခာအရလည်း တန်ဖိုးရှိတယ်။ ငွေကြေးအရလည်း မြတ်ဦးမယ်။ ဆွေစဉ်မျိုးဆက် လိပ်ပြာလုံ၊ သိက္ခာရှိစေမယ့် ရင်းနှီးမြှပ်နှံမှုကြီးပါ”ဟု ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဓမ္မသိမ်းယူထားသည့် ရန်ကုန်မြို့အင်ယားလမ်း ခြံအမှတ် (၁၄)ကို NUGက ဒေါ်လာ ၁၀သန်းသတ်မှတ်ကာ ရှယ်ယာစနစ်ဖြင့်ရောင်းချပြီးနောက် ဒုတိယစီမံကိန်းအဖြစ် (၆) မိုင်ခွဲရှိနေအိမ်ကို ယခုလို ရောင်းချနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမည်ဖြင့် အဓမ္မသိမ်းယူထားသည့် နေနေမ်လေးလုံးရှိပြီး စစ်အုပ်စုက သိမ်းယူထားသည့် မြေကွက်ပေါင်း ၆၀ ကျော်အထိရှိသည်ဟု NUG၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ULA/AAက မောင်တောမြို့နယ် ပြည်သူများသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့ရာ စစ်ရေးအခြေအနေကို ထည့်သွင်းအသိပေးခဲ့သည်။

သတင်း

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

လမ်းပိတ်ထားခြင်းနှင့်ပတ်သက်ပြီး အချင်းချင်း ဆက်သွယ် သတိပေးကြရန် ဖော်ပြထားပြီး လမ်းပြန်ဖွင့်ပါက ပြန်လည်အကြောင်းကြားသွားမည်ဟုဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။