Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်
မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်

ဒီနေ့မနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ယဉ်ပျံရပ်မှာ သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးသွားသူ လင်မယားဟာ စစ်ကောင်စီလက်အောက်ခံ စီအိုင်ဒီက ရဲမှူး လင်မယား မဟုတ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

သေဆုံးသွားတဲ့လင်မယားမှာ အမျိုးသားဟာ အသက် ၄၃ နှစ်အရွယ် ဦးစည်သူကိုကိုဖြစ်ပြီး အထည်ရောင်းတာကို လုပ်ကိုင်သူဖြစ်ကာ ဇနီးဖြစ်သူက အသက် ၃၈ နှစ်အရွယ်ရှိပြီး ဟိုတယ်ဝန်ထမ်းဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

အခင်းဖြစ်တဲ့နေရာကရုပ်အလောင်းတွေကို လူမှုကူညီရေးကားနဲ့ ဆေးရုံဆီ သယ်ဆောင်သွားတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အခင်းဖြစ်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ် ၊ယာဉ်ပျံရပ် လမ်း ၃၀ ၊ ၅၇ လမ်းပေါ်မှာရှိတာဖြစ်ပြီး သေဆုံးသွားသူ တွေ ဟာ အမျိုးသားနဲ့အမျိုးသမီး တို့ဖြစ်ပါတယ်။

သတင်း

သြဂုတ် ၂၁ရက် ည ၇ နာရီခန့်က ချောင်းဦးမြို့ မုံရွာ - မန္တလေးလမ်း ရွှေသိမ်တော်တံတားပေါ်တွင် စစ်ကောင်စီတပ်က လူငယ် အမျိုးသား ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မန္တလေးမြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ FEA ရဲ့ အဖွဲ့ဝင် ၄ ဦးဟာလည်း လက်နက်ဝယ်ပြီး မန္တလေးကိုအပြန်မှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ သက်ဆိုင်ရာအဖွဲ့က အသိပေးထားပါတယ်။

သတင်း

PDFနဲ့ဆက်စပ်တယ်ဆိုပြီး စစ်အုပ်စုက ချမ်းအေးသာစံမြို့နယ် ၅၂လမ်း၊ ၃၃လမ်းနဲ့ ၃၂လမ်းရှိ ကုမ္ပဏီအဆောက်အဦးနဲ့ နေအိမ်ကို ချိတ်ပိတ်သွားတာပါ။