Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့နယ် သုံးထပ်ကွေ့နှင့်အနီးတဝိုက် တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။

(စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များသည် မြဝတီ - ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များသည် မြဝတီ - ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေ လမ်း သုံးထပ်ကွေ့နှင့်အနီး တဝိုက်တွင် ယနေ့ တိုက်ပွဲများ ပြင်းထန်နေပြီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ် နှစ်ဖက်လုံး ထိခိုက်ကျဆုံးရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါဒေသ၌ လွန်ခဲ့သည့် ၂လကျော်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

“ဒေါနအရှေ့ခြမ်းဖြစ်တဲ့ သုံးထပ်ကွေ့တောက်လျှောက်ပေါ့။ နှစ်နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ အပေါ်မှာ တော်တော်လေးတော့ ပစ်ကြတယ်။ လေယာဉ်က တစ်နေကုန်ပဲ ပစ်ကြတယ်။ စောစောကလည်း လေယာဉ်က ပစ်တာကို သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းကြားရသော်လည်း အတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်က ကော်ဘရာ စစ်ကြောင်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ကော်ဘရာစစ်သည်အချို့ ကျဆုံးမှုရှိသည်ဟု ဆိုသည်။

“သူတို့ သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုတော့ စစ်ကူတွေလိုက်သွားကြပြီ။ လမ်းကနေ ဖြတ်တိုက်ကြလိမ့်မယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရန်သူကလည်း သူ့အလုပ်သူလုပ်သလို ကျွန် တော်တို့ကလည်း ရန်သူ့ရဲ့ထောက်တိုင်တွေကို တဆင့်ချင်း အမြစ်ပါမကျန်ဖြုတ်ချပစ်ဖို့ အမြဲတမ်းကြိုးစားတော်လှန်နေပါတယ်"ဟု SDGF က အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း - ၂က အသိပေးသည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထားသည်။

သတင်း

ULA/AAက မောင်တောမြို့နယ် ပြည်သူများသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့ရာ စစ်ရေးအခြေအနေကို ထည့်သွင်းအသိပေးခဲ့သည်။