Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် KNDF သတိပေး

ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ပွားခဲသည်။

(ခြေတော်ရာဘုရားအနီးပတ်ဝန်းကျင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF .B 19)
(ခြေတော်ရာဘုရားအနီးပတ်ဝန်းကျင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF .B 19)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၉ က ယနေ့ (သြဂုတ် ၂၃ ရက်) ထုတ်ပြန်သည်။

“ခြေတော်ရာဘုရားက ထူလွီးဘီလာကျေးရွာ နဲ့ ဆက်စပ်နေတဲ့နေရာ။ဟိုတနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တဲ့နေရာ။အဓိကတော့ နယ်မြေအခြေအနေ မတည်ငြိမ်သေးတာပေါ့”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၂၀ရက် နံနက်ပိုင်းကစ၍ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာဘက်နှင့် ဒီးမော့ဆိုမြို့ဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF -B19 မှ ခြေတော်ရာဘုရားတောင် အနီးတွင် ခုခံတိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အလားတူ ထိုတိုက်ပွဲ၌ KNDF- B19 မှရဲဘော်တစ် ဦး ကျဆုံးခဲ့ရသည်။

ယခုလ တတိယအပတ်အတွင်း စစ်ကောင်စီတပ် များသည် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့နယ်တို့မှ တစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့် တင်းကာ အပြင်းအထန်စစ်ကြောင်းထိုးလာခဲ့ သည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ပွားခဲသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဒီရက်ထဲ သူတို့ သင်တန်းဆင်းပေးလိုက်တဲ့ ပျူတွေ မိုင်းမိပြီးသေတာများတော့ အညိုတကြီးလာတိုက်နေတာ။ ဖောင်းပြင်ကို အရှေ့ရောအနောက်ရော ညှပ်တိုက်နေတယ်"ဟု ပြောသည်။

သတင်း

ထို့​ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။

သတင်း

သြဂုတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြိုနယ်တို့တွင် တာဝေး ပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများထိခိုက်မှုများရှိခဲ့သည်။

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။