Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဒဂုံ (၁၈)ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို အသတ်ခံရ

“ရန်သူကလည်း သူ့အလုပ်သူလုပ်သလို ကျွန် တော်တို့ကလည်း ရန်သူ့ရဲ့ထောက်တိုင်တွေကို တဆင့်ချင်း အမြစ်ပါမကျန်ဖြုတ်ချပစ်ဖို့ အမြဲတမ်းကြိုးစားတော်လှန်နေပါတယ်”ဟု SDGF က အသိပေးသည်။

(တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေစဉ်)
(တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေစဉ်)

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း (၁၈)ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်သုတ် သင်ခဲ့ကြောင်း ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့(SDGF)က ယနေ့(သြဂုတ် ၂၃) ထုတ်ပြန်သည်။

အမှတ် (၁၈)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူး တင်အောင်ဆိုသူကို နံနက် ၉ နာရီခွဲခန့်တွင် ကော့သောင်းလမ်းထိပ်အနီး သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်၍ သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“အခင်ဖြစ်ပွားပြီး‌ သေဆုံးသွားပါတယ် ခင်ဗျာ။ မြေပြင် အခြေအနေအရတော့ မှတ်တမ်းဓါတ်ပုံ ရယူနိုင်ခဲ့ခြင်း မရှိပါဘူးခင်ဗျာ”ဟု SDGF မှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် တင်အောင်ဆိုသူသည် ကြံခိုင်ရေးပါတီတွင် အချိန်ကြာမြင့်စွာလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိစစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင် ရာအိမ်မှူးအမည်ခံကာ မြို့နယ်ထွေအုပ်တွေကိုပါစည်းရုံးကာ UG ရဲဘော်များနှင့် မြေပြင်သပိတ်များကို ဖမ်းစီး‌ရန် နောက်ကွယ် ကနေ ဦးစီးလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း SDGF ရဲဘော်က ရှင်းပြသည်။

“ရန်သူကလည်း သူ့အလုပ်သူလုပ်သလို ကျွန် တော်တို့ကလည်း ရန်သူ့ရဲ့ထောက်တိုင်တွေကို တဆင့်ချင်း အမြစ်ပါမကျန်ဖြုတ်ချပစ်ဖို့ အမြဲတမ်းကြိုးစားတော်လှန်နေပါတယ်”ဟု SDGF က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးကင်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းတို့အနေဖြင့် တောင်ဒဂုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့် စစ်ရေးပစ်မှတ်များကို ယခုထက်ပို၍ အရှိန်မြင့်ချေမှုန်းသွားမည်အပြင် ပြည်သူနှင့် တစ်သားတည်းရှိနေမည်ဟု SDGF က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မနက် ၁၀နာရီတွင် တိုက်လေယာဉ် ငါးစီး၊ မွန်းလွဲ ၃နာရီတွင် တိုက်လေယာဉ် ၂စီးတို့ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများအမြောက်အမြား သုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဖော်ပြထားသည်။

သတင်း

ထိုတိုက်ပွဲတွင် KLG မှ ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာစိုးရိမ်ရပြီးစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။

သတင်း

အကြမ်းဖက်စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း - ၂က အသိပေးသည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထားသည်။