Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့မှာ တစ်နေ့လုံးတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဝေဟင်ရော မြေပြင်ကပါထိုးစစ်ဆင်နေ

စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ပြောကြားထားပါတယ်။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

မြ၀တီ-ဝေါ်လေ ကားလမ်းပိုင်းပေါ်က သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က မြေပြင်၊ဝေဟင်ကနေ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ်လ(၂၃)ရက် မနက်(၉)နာရီအချိန်ကစပြီး စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ(၄၄၁)ရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေဖြစ်တဲ့ ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ(၁)အပြင် လေးကေကော်ဒေသရှိ ခမရ(၁၁၈)၊ ခမရ(၂)တို့ဟာ စစ်ကူအဖြစ်ပါဝင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရုံးတပ်တွေဖြစ်တဲ့ အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းရဲ့ (၆၀)မမ၊ (၈၁)မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်တွေ၊ (၈၄)မမနဲ့ MLRS အတွဲလိုက်ပစ်ဒုံးတွေနဲ့ တရပ်စပ် အပြင်းအထန်ပစ်ခတ်ပြီး မြ၀တီ-ဝေါ်လေ လမ်းမအနီး ကော်ဘရာစစ်ကြောင်းလုံခြုံရေးရယူထားတဲ့ နေရာတွေကို ကျူးကျော်ဖို့ကြိုးစားလာခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်သည်တော်များကို ရှေ့တန်း၌ တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)

ဒီကနေ့ မနက်(၁၀)နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်(၅)စီး၊ နေ့လည်(၃)နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုကို ကလက်စတာဗုံးတွေ၊ ပေါင်(၅၀၀)ဗုံးတွေ အမြောက်အများအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

ဒီကနေ့ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ(၄)နာရီခန့်မှာတော့ တိုက်ပွဲငြိမ်သက်သွားခဲ့ကာ ကော်ဘရာစစ်သည်တော်တစ်ဦး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး စစ်သည်တော်သုံးဦး (မစိုးရိမ်ရ)နဲ့ တစ်ဦး(စိုးရိမ်ရ) ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ပြောကြားထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အတည်ပြု၍မရသော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေးကြောင်း ဖော်ပြထားသည်။

သတင်း

မနက် ၁၀နာရီတွင် တိုက်လေယာဉ် ငါးစီး၊ မွန်းလွဲ ၃နာရီတွင် တိုက်လေယာဉ် ၂စီးတို့ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများအမြောက်အမြား သုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဖော်ပြထားသည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိ​ပေးထားသည်။

သတင်း

တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။